DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၅၇၅ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်သူ ၂၃၇ ဦးရှိလာ
DVB
·
July 4, 2020
ဓာတ်ခွဲနမူနာ ၅၇၅ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်သူ ၂၃၇ ဦးရှိလာ
Donate to DVB

ဇူလိုင် ၃  ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၅၇၅ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ်မတွေ့ဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၃၀၃ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၇၂ ခု၊ စုစုပေါင်း ၅၇၅ ခု အား စစ်ဆေးပြီးစီးခဲ့တာပါ။

တပ်မတော်ကတော့ အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာတဲ့ အရာရှိ၊ စစ်သည်တွေထဲက စစ်သည် ၂ ဦးမှာ  ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိတယ်လို့  မနေ့က သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီးဆုံးပြီး ဇွန် ၂၆ ရက်က တပ်မတော်လေယာဉ်နဲ့ ရန်ကုန်ကိုပြန်ရောက်လာတဲ့ စစ်သည် ၄၈ ဦး အနက် စစ်သည် ၅ ဦးမှာ  ဇွန် ၂၇ နဲ့ ၂၈ ရက်က  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိထားပြီး နောက်ထပ် ၂ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ၊

ကျန်းမာရေးဝန်ကြီးဌာနကလည်း မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၉၈၀ ခုအား စစ်ဆေးရာမှာ အိန္ဒိယက ပြန်လာသူ ၂ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင် ၄ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၃၀၆ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၄) ဦး (Case- 205, 250, 264, 266, 270, 272, 273, 274, 275, 276, 281, 284, 285 နှင့် 287) ထပ်တိုးလာတဲ့အတွက်  ရောဂါပိုးကင်းစင်လာသူ ၂၃၇ ဦးရှိပြီး ဒီအထဲက  ၂၁၉ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013