DVB Logo
Home
မြန်မာသတင်း
အိန္ဒိယပြန် သင်တန်းသား အရာရှိ စစ်သည် ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံတွေ့ရှိ 
DVB
·
July 3, 2020
အိန္ဒိယပြန် သင်တန်းသား အရာရှိ စစ်သည် ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံတွေ့ရှိ 
Donate to DVB

အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာတဲ့ အရာရှိ၊ စစ်သည်တွေထဲက စစ်သည် ၂ ဦးမှာ  ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီးဆုံးပြီး ဇွန် ၂၆ ရက်က တပ်မတော်လေယာဉ်နဲ့ ရန်ကုန်ကိုပြန်ရောက်လာတဲ့ စစ်သည် ၄၈ ဦး အနက် စစ်သည် ၅ ဦးမှာ  ဇွန် ၂၇ နဲ့ ၂၈ ရက်က  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိထားပြီး ဒီကနေ့ နောက်ထပ် ၂ ဦးမှာ ရောဂါတွေ့ရှိတာ ဖြစ်ပါတယ်။

စစ်သည် ၂ ဦးဟာ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းဖြစ်ပေါ်လာလို့ ဒီကနေ့  သူတို့နှစ်ဦးထံက နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူကာ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀ဝ၀)မှာ Polymerase Chain Reation  (PCR)နည်းနဲ့ ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

အဆိုပါ စစ်သည် ၂ ဦးကို တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်ကုသပေးနေပြီး ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

အဆိုပါလူနာသစ် ၂ ဦးနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း  အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အသက် ၂၄ နှစ်အရွယ်အမျိုးသား တစ်ဦးနဲ့ အသက် ၂၃ နှစ် အရွယ်အမျိးသား တစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိရတယ်လို့ ဒီကနေ့ည ထုတ်ပြန်ထားပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၂၈၂)ခု၊  ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၆၆) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၇၆) ခု နဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၅၆) ခု စုစုပေါင်း (၉၈၀)ခုကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၂ ဦးထပ်တွေ့ရတာပါ။

မြန်မာနိုင်ငံမှာ ဇူလိုင် ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၃၀၆ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၄) ဦး (Case- 205, 250, 264, 266, 270, 272, 273, 274, 275, 276, 281, 284, 285 နှင့် 287) ထပ်တိုးလာတဲ့အတွက်  ရောဂါပိုးကင်းစင်လာသူ ၂၃၇ ဦးရှိပြီး ဒီအထဲက  ၂၁၉ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013