DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁,၇၅၃ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်သူ ၂၂၃ ဦးရှိပြီ
DVB
·
July 3, 2020
ဓာတ်ခွဲနမူနာ ၁,၇၅၃ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်သူ ၂၂၃ ဦးရှိပြီ
Donate to DVB

ဇူလိုင် ၂ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၇၅၃ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြု လူနာသစ်မတွေ့ရဘဲ ရောဂါပိုးကင်းစင်လာသူ ၂၂၃ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၆၈၉ ခု၊ ဆေးသုတေသနဦးစီးဌာနက ၃၁၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၂၇၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၂၈၀ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ၁၉၄ ခု၊ စုစုပေါင်း ၁,၇၅၃ ခု အား စစ်ဆေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၂၃ ဦး၊ အဲဒီထဲက ဆေးရုံမှ ဆင်းခွင့်ရသူ ၂၁၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၆ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀.၀၉ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၂ သောင်းကျော်၊ ရောဂါသက်သာပျောက်ကင်းသူ ၆.၁ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013