
ကမ္ဘာ့ဖလားအုပ်စု (B) ပွဲစဉ်အဖြစ် ဒီကနေ့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဆွစ်ဇာလန်နဲ့ ကာတာအသင်းတို့ တဖက် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ဒီပွဲမှာ ဆွစ်ဇာလန်အတွက် ပင်နယ်တီရခဲ့တဲ့ အခြေအနေက မေးခွန်းထုတ်စရာ ဖြစ်ခဲ့တာပါ။
ဆီမီးအော်တို လူကျွံဘောစနစ်မှာ နည်းပညာချွတ်ယွင်းမှု ဖြစ်ခဲ့တာကြောင့် ပုံမှန်ပြသနေကျ အန်နီမေးရှင်းပုံတွေ မပေါ်ခဲ့ပါဘူး။
ဒီလိုဖြစ်တာကြောင့် ပင်နယ်တီမပေးခင် လူကျွံဘော ဟုတ်၊ မဟုတ်ဆိုတာကို သံသယတွေ ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းမှ ဘရီးလ်အမ်ဘိုလိုက ပင်နယ်တီကို ဂိုးသွင်းယူ ခဲ့တာပါ။
ဖီဖာကတော့ VAR လိုင်းတွေအရ လူကျွံဘောမရှိဘူးလို ထုတ်ပြန်ခဲ့ပေမဲ့ ပုံမှန်ပြသနေကျ ကစားသမားပုံရိပ် အန်နီမေးရှင်းတွေကိုတော့ မပြသခဲ့ပါဘူး။
ဒီအပေါ်မှာ ဘောလုံးဝေဖန်သူ ဂယ်ရီနဗီးလ်က ပွင့်လင်းမြင်သာမှု မရှိဘူးလို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အထောက်အထားတွေကို မပြသတာဟာ အာဏာရှင်ဆန်တယ်လို သူက ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ရှင်းရှင်းလင်းလင်း ပြသသင့်တယ်လိုလည်း နဗီးလ်က တောင်းဆိုခဲ့ပါတယ်။
Photo: Reuters










