DVB Logo
Home
မြန်မာသတင်း
အင်္ဂလန်နှင့် ယူအေအီးပြန် ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့၊ မြန်မာပြည်၌ အတည်ပြုလူနာပေါင်း ၃၀၃ ဦးအထိရှိလာ
DVB
·
July 1, 2020
အင်္ဂလန်နှင့် ယူအေအီးပြန် ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့၊ မြန်မာပြည်၌ အတည်ပြုလူနာပေါင်း  ၃၀၃ ဦးအထိရှိလာ
Donate to DVB

အင်္ဂလန်နိုင်ငံနဲ့ ယူအေအီးနိုင်ငံတို့က ပြန်လာတဲ့ အမျိုးသား ၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်အရ သိရပါတယ်။

 လူနာသစ် ၄ ဦးကတော့  အင်္ဂလန်နိုင်ငံက ပြန်လာသူ ၂ ဦးနဲ့ ယူအေအီးနိုင်ငံက ပြန်လာသူ ၂ ဦးတို့ဖြစ်ပြီး လှည်းကူးမြို့နယ်နဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့မှာ အသွားအလာကန့်သတ် စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နဲ့ ဘာရိန်းနိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၄၃ ဦးကို ဇွန်လ ၂၅ ရက်က ကယ်ဆယ်ရေးလေယာဉ်နဲ့ ဒိုဟာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း ယူအေအီးနိုင်ငံကနေ မြန်မာပြည်ပြန်လာကြသူ ၁၄၈ ယောက်ထဲက ကိုဗစ်-၁၉  ရောဂါအတည်ပြုလူနာ ၈ ယောက်တွေ့ရှိခဲ့ပါတယ်။

ဒီကနေ့ညနေက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၃၇၆)ခု၊  ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၇၅) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၂၄) ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၇၂) ခု စုစုပေါင်း (၉၄၇)ခုကို  စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် ၄ ဦးထပ်တွေ့ရတာပါ။

ဇူလိုင် ၁ ရက်၊ ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃၀၃ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ် ဆက်တိုက်ပိုးမတွေ့ရှိသူ ၂၂၂ ဦးနဲ့ ဒီအထဲက ၂၁၆ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

PHOTO-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013