DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁,၇၄၁ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ပိုးကင်းစင်သူ ၂၁၁ ဦး ဆေးရုံမှဆင်း
DVB
·
June 30, 2020
ဓာတ်ခွဲနမူနာ ၁,၇၄၁ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ပိုးကင်းစင်သူ ၂၁၁ ဦး ဆေးရုံမှဆင်း
Donate to DVB

ဇွန် ၂၉ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၇၄၁ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၈၈၈ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၇၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၆၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၉၄ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ၃၁၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၇၄၁ ခုကို စစ်ဆေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၉ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာအသစ် ၂၆ ဦး၊ လူနာဟောင်းတွေထဲက လူနာအမှတ် ၁၈၂,၂၀၀ နဲ့ ၂၀၁ တို့မှာ နှစ်ကြိမ်ဆက် ပိုးမတွေ့ရှိတာကြောင့် ရောဂါပိုးကင်းစင်လာ ၂၂၁ ဦး၊ အဲဒီထဲက ၂၁၁ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ သန်းကျော်နဲ့ သေဆုံးသူ ၅ သိန်းကျော်ရှိပြီလို့ သိရပါတယ်။

Photo- Theingi-WinMyat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013