DVB Logo
Home
မြန်မာသတင်း
ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲများ ဇူလိုင် ၁၀ ရက် ကျင်းပမည်
DVB
·
June 28, 2020
ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲများ ဇူလိုင် ၁၀ ရက် ကျင်းပမည်
Donate to DVB

အစိုးရဓမ္မာစရိယနဲ့ ပါဠိပထမပြန်စာမေးပွဲတွေကို ဇူလိုင် ၁၀ ရက်မှာ စတင်ကျင်းပဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

ကိုဗစ်-၁၉ ထိန်းချုပ်နိုင်တဲ့အထိ ရပ်နားထားဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ဒီစာမေးပွဲတွေကို ဇွန် ၂၅ ရက်မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တတိယအဖွဲ့ခွဲရဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာပါ။

ဓမ္မာစရိယစာမေးပွဲကို ဇူလိုင် ၁၀ ရက်ကနေ ၁၇ ရက်အထိ၊ ပါဠိပထမပြန်စာမေးပွဲကို ဇူလိုင် ၁၅ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

စာမေးပွဲကျင်းပရာမှာ သြဝါဒါစရိယဆရာတော်တွေ၊ စာဖြေသူတွေ၊ ကြီးကြပ်သူတွေ၊ ဝေယျဝေစ္စလုပ်သူတွေအားလုံးဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ ကိုယ်အပူချိန်တိုင်းတာ စတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်တွေနဲ့အညီ စီမံသွားဖို့လည်း သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် သံဃနာယကအဖွဲ့တွေကို အကြောင်းကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013