DVB Logo
Home
မြန်မာသတင်း
မိုင်းခွဲတိုက်ခိုက်ခံရသည့် ကုန်ကားနှင့်ဆန်များ ပြန်သယ်ခွင့်ပေးရန် တောင်းဆို
DVB
·
June 27, 2020
မိုင်းခွဲတိုက်ခိုက်ခံရသည့် ကုန်ကားနှင့်ဆန်များ ပြန်သယ်ခွင့်ပေးရန် တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်သွားလမ်းပေါ်မှာ ဇွန် ၂၂ ရက်က မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတဲ့ ကုန်တင်ယာဉ်နဲ့ ဆန်အိတ် ၃၅၀ ကို ပြန်သယ်ခွင့်ပေးဖို့ ဆန်ပိုင်ရှင်က တောင်းဆိုပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကုန်တင်ယာဉ်ဟာ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဒီနေ့မွန်းလွဲပိုင်းအထိ ယာဉ်နဲ့ ကားပေါ်က ဆန်အိတ် ၃၅၀ ကို ယူခွင့်မရသေးဘူးလို့ စစ်တွေမြို့ အခြေစိုက် လှရောင်ဆန်း ကုန်စည်များ သယ်ယူပို့ဆောင်ရေးဂိတ်မှ တာန်ရှိသူတဦးက ပြောပါတယ်။

“သူတို့ အစကတော့ ပျက်စီးသွားတဲ့ကားကိုပါ ပြုပြင်စရိတ် လျော်ကြေးပေးမယ် ပြောတယ်။ ဆန်တွေကိုလည်း လာသယ်ပါဆိုလို့ ဇွန်လ ၂၄ က စစ်တွေက ကုန်ကားအလွတ်တစီးနဲ့ အလုပ်အမားတွေခေါ်ပြီး သွားခဲ့ကြတယ်။ ဟိုရောက်တော့ အထက်ကအမိန့်မရသေးလို့ သယ်ယူခွင့်မပေးနိုင်ဘူးလို့ ပြောတယ်” လို့ DVB ကို ပြောပါတယ်။

ကုန်တင်ကားဟာ ဇွန်လ ၂၂ ရက် နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့ကနေ ဆန်အိတ် ၃၅၀ တင်ဆောင်ပြီး စစ်တွေမြို့ကနေ အငူမော်ကို ထွက်ခွာလာစဉ် အင်းဒင်နယ်မြေစခန်းက နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ ကားခေါင်းခန်းမှာ လိုက်ပါလာခဲ့တာပါ။

ညနေ ၄ နာရီခွဲလောက် ဆားငံချောင်း ရေကျော်တံတားအနီးအရောက် မိုင်းခွဲခံရပြီး ကားဦးခေါင်းမှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကားဒရိုင်ဘာ ဦးစောမျိုးအောင် သေဆုံးခဲ့ပါတယ်။

ဆန်ပိုင်ရှင် ကိုမြင့်ဝေက “ဆန်တွေက မိုးစိုလို့ တဝက်လောက် ပျက်စီးသွားနိုင်ပါတယ်။ ဆန်တွေ မပျက်စီးမီ ပြန်ယူခွင့်ရချင်တာပေါ့ဗျာ။ အခုသူတို့က ဘာပြောလဲဆိုတော့ ဆန်တွေ အားလုံး မပျက်စီးခင်မှာ နောက်ကုန်ကားတစီးပေါ်တင်ပြီး စခန်းထဲမှာ ထားပါတဲ့။ အထက်က အမိန့်ကျမှ ပြန်ယူသွားပါတဲ့” လို့ ပြောပါတယ်။

အခုလို ကုန်တင်ယာဉ်နဲ့ ဆန်အိတ်တွေ ပြန်ယူခွင့် မပေးသေးတာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ မရသေးပါဘူး။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က မေးမြန်းရာမှာတော့ “ပထမတော့ နယ်ခြားစောင့်ကို ပြောလိုက်တယ်။ နစ်နာကြေးပါပေးဖို့ အခုထိပြန်ယူလို့ မရသေးဘူးဆိုတော့ ခရိုင်အထွေထွေမှာ တရားဝင်စာတင်ဖို့လိုတယ်ဗျ။ဒါမှ အစိုးရအဖွဲ့ကို တင်ပြလို့ရမှာဖြစ်တယ်” လို့ ပြောပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013