DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁,၇၂၂ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၃၀ ရှိ
DVB
·
June 27, 2020
ဓာတ်ခွဲနမူနာ ၁,၇၂၂ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၃၀ ရှိ
Donate to DVB

ဇွန် ၂၆ ရက်အတွက် ဓာတ်ခွဲနမူနာ ၁,၇၂၂ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်မတွေ့ရဘဲ စောင့်ကြည့်လူနာသစ် ၃၀ ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီမှာ ထုတ်ပြန်ပါတယ်။

 အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၁,၁၄၁ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၆၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၆၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဓာတ်ခွဲနမူနာ ၁၆၃ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ  ၉၁ ခု၊ စုစုပေါင်း ၁,၇၂၂ ခုအား စစ်ဆေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဇွန် ၂၇ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၉၃ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာသစ် ၃၀၊  ဓာတ်ခွဲအတည်ပြု လူနာဟောင်း ၁၆၁, ၂၂၆, ၂၃၄ နဲ့ ၂၄၆ တို့မှာ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၂၁၅ ဦးရှိပါသည်။ 

အဲဒီထဲက အယောက် ၂၀၀ အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၄၉၆၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၅ ဒသမ ၃ သန်း ကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013