DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်က ကိုဗစ်-၁၉ လူနာအမှတ် ၂၄၉ နှင့်ထိတွေ့ခဲ့သူ  ၂၂၆ ဦးတွင် ပိုးမတွေ့ 
DVB
·
June 26, 2020
ကချင်ပြည်နယ်က ကိုဗစ်-၁၉ လူနာအမှတ် ၂၄၉ နှင့်ထိတွေ့ခဲ့သူ  ၂၂၆ ဦးတွင် ပိုးမတွေ့ 
Donate to DVB

ကချင်ပြည်နယ်က ကျန်းမာရေးဝန်ထမ်း ကိုဗစ်-၁၉ ပိုးတွေ့လူနာအမှတ် ၂၄၉ အပါအဝင်  ကျန်ရှိတဲ့ ၆၃ ဦးတို့မှာ ဓာတ်ခွဲနမူနာစစ်ဆေးချက်ရလဒ်အရ  ပိုးမတွေ့ Negative အဖြေထွက်ရှိတယ်လို့ မိုးမောက်မြို့နယ်ကျန်းမာရေးမှူးထံက သိရပါတယ်။

မိုးမောက်မြို့နယ်ကျန်းမာရေးမှူး ဦးစမ်းနိုင်က "ဒီနေ့မနက်ပဲသိရတာ။ လူနာ ၂၄၉ အပါအားလုံး ပိုးမတွေ့အဖြေထွက်ပါတယ်။ လူနာ၂၄၉ ကိုတော့ ဒီနေ့ပဲ ထပ်ပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်စစ်ချက်ထပ်မံပို့စစ်ပါတယ်။ “လို့ ပြောပါတယ်။

စစ်ဆေးချက်အဖြေရလဒ်တွေအရ ကိုဗစ်-၁၉ လူနာအမှတ်  ၂၄၉ နဲ့ ထိတွေ့ဆက်စပ်ခဲ့သူ စုစုပေါင်း ၂၂၆ ဦးစလုံး ပိုးမတွေ့ရှိတဲ့ အဖြေထွက်ရှိသွားပြီဖြစ်ပါတယ်။

လူနာ၂၄၉ ဟာ ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့အတွက် မေလနဲ့ ဇွန်လမှာ လွယ်ဂျယ်မြို့နယ်စပ် ဝင်ပေါက် ထွက်ပေါက်မှာ ရက်ပိုင်း တာဝန်ကျခဲ့သူဖြစ်ပြီး ရောဂါလက္ခဏာမှ ခံစားရခြင်းမရှိပေမဲ့ တာဝန်ကျဝန်ထမ်းတွေကို ဓာတ်ခွဲစစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာပါ။

လူနာအမှတ် ၂၄၉ ဟာ ဇွန် ၁၁ ရက်နေ့မှာ ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသခံနေပြီး ဇွန် ၁၈ ရက်နေ့မှာ တို့ဖတ်နမူနာပေးပို့စစ်ဆေးခဲ့တဲ့အတွက် ဇွန် ၂၄ ရက်နေ့မနက်မှာ ပိုးမတွေ့ Negative ထွက်ရှိခဲ့တာဖြစ်ပါတယ်။

သတင်း- မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013