DVB Logo
Home
မြန်မာသတင်း
RCSS/SSAက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
DVB
·
June 26, 2020
RCSS/SSAက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
1 / 6
Donate to DVB

ဇွန်လ ၂၆ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအဖြစ် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို လူထု ပရိတ်သတ်ရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ RCSS/SSA တပ်ရင်းတပ်ဖွဲ့တွေက ကျောက်မဲနယ်နဲ့ သီပေါမြို့နယ်အတွင်းမှာ ဖမ်းဆီးတဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်ပါတယ်။

RCSS/SSA ဗဟိုဌာနချုပ်နယ်မြေနဲ့ အုပ်ချုပ်ရေးနယ်မြေတွေမှာ ၂၀၁၉-၂၀၂၀ ခုနှစ် အတွင်း ဘိန်းမဲ ၄၇ ဒသမ ၁၁၇ ကီလိုဂရမ်၊ ဘိန်းဖြူ ၃၀ ဒသမ ၁၃ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၆၈၂၄၆၁ ပြား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သူ ၂၉၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ထုတ်ပြန်ကြေညာပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်းစီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။

သတင်း-ခွန်ဇော်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013