DVB Logo
Home
Lead Story
အသက်အငယ်ဆုံး မြန်မာအိုင်ဒေါစတား အေးမြဖြူသီချင်းသစ်-“လွမ်းနေလို့”(ရုပ်သံ)
DVB
·
June 26, 2020
အသက်အငယ်ဆုံး မြန်မာအိုင်ဒေါစတား အေးမြဖြူသီချင်းသစ်-“လွမ်းနေလို့”(ရုပ်သံ)
Donate to DVB

       အသက်အငယ်ဆုံး မြန်မာအိုင်ဒေါစတား တေးသံရှင်တယောက်ဖြစ်တဲ့ အေးမြဖြူ ရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

       “လွမ်းနေလို့”လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ တေးရေး A Lynn က ရေး စပ်ပေးထားခဲ့တာဖြစ်ပြီး သပ်ရပ်လှပတဲ့ အေးမြဖြူရဲ့ သီဆိုဟန်နဲ့ ပရိသတ်တွေက ခံစား နားဆင်ကြရမှာ ဖြစ်ပါတယ်။

       “ဟိုး အရင်ကလိုမျိုး… နင့်ဘေးမှာ ရှိချင်လို့… ကြိုးစားခဲ့သမျှ အရာမထင်တော့လို့ … ပြန်လွမ်းနေမိနေတုန်း… နင့်စကားသံလေးတွေတချို့… သတိရတဲ့အခါ မျက်ရည်ဝဲလို့ … အသည်းကွဲခန်းမှာ ငါဆိုတာက ဇာတ်ပိုတယောက်လိုမျိုး… အရံအခန်းလေးထဲမှာ… ခဏတဖြုတ်လေးသာ… မင်းဘေးနားမှာ ရှိရင် ပျော်လွန်းလို့”

       အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ ပြိုင်ပွဲဝင်ချိန်မှာ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့တာပါ။

       အေးမြဖြူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 မှာတော့ တနိုင်ငံ လုံးက ရွက်ပုန်းသီး မျက်နှာသစ်လူငယ်တွေ အများအပြား ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သီတင်းပတ် တပတ်ပြီးတပတ် အဆင့်ဆင့် အစွမ်းပြယှဉ်ပြိုင် မှုတွေနဲ့ နောက်ဆုံး Grand Final အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

“အရမ်းလွမ်းနေလို့… အခွင့်သာတဲ့ တနေ့တော့ ငါ့ရင်ကို… နင်လမ်းကြုံတဲ့အခါ ခဏတဖြုတ် ဝင်ခဲ့ဖို့… မမေ့ရက်နိုင်လို့…  တယုတယသိမ်းထားတဲ့ အတိတ်တွေကို… နင် သိအောင်လို့ ငါ ပြောမပြချင်တော့လို့”

အလွမ်းအဆွေး သီချင်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီသီချင်းရုပ်သံကိုတော့ ပီယာနိုနဲ့ တယောတီးခတ်မှုတွေနဲ့အတူ အေးမြဖြူရဲ့ ခံစားသီဆိုဟန်နဲ့ အွန်လိုင်းဂီတ ပ လက်ဖောင်းတွေဖြစ်တဲ့ Joox, Melo, iTune, Spotify, Youtube, Amazon, Google Play တို့မှတဆင့် ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013