
ရခိုင်ပြည်နယ်၊ မောင်တောမြို့က ဒုတိယမြောက် ကိုဗစ်-၁၉ လူနာအမှတ် ၂၄၄ ကို တတိယအကြိမ် စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရဘူးလို့ မောင်တောခရိုင် ကျန်းမာရေးဌာနက ပြောပါတယ်။
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက "လူနာအမှတ် ၂၄၄ ကို တတိယအကြိမ်စစ်ဆေးရာမှာ Negative ပြပါတယ်။ တတိယအကြိမ် ပို့မတွေ့တာကြောင့် သူ့တို့ကို Facility Quarantine ထဲ ပြန်ထည့်သွားရမှာပါ။ ၂၁ ရက်အထိ ဘာရောဂါလက္ခဏာမှမှ ထပ်မပြရင် အိမ်ပြန်ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ မောင်တောဆေးရုံမှာပဲ ရှိပါသေးတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
လူနာအမှတ် ၂၄၄ နဲ့ ထိနဲ့ ထိတွေ့ခဲ့သူ ၃၉ ဦးကိုတော့ လှဖိုးခေါင်ယာယီ ပြန်လည်လက်ခံရေးစခန်းမှာ Facility Quarantine ထားရှိပြီး နှာခေါင်းနဲ့ အာခေါင်တိုပတ်တွေကို တွေကို ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာ ရောဂါပိုး မတွေ့ရဘူးလို့ ဆိုပါတယ်။ သူတို့အားလုံးကို Facility Quarantine ၂၁ ရက်မပြည့်မီ ဒုတိယအကြိမ် ပြန်လည်စစ်ဆေးသွားဖို့ရှိတယ်လို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။
မေ ၃၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လာတဲ့ အသက် ၂၅ နှစ်ရွယ် အမျိုးသား လူနာအမှတ် ၂၄၄ ဟာ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရမှာ နေထိုင်ခဲ့သူဖြစ်လို့ တစ်ရွာလုံးကို Stay at Home အိမ်မှာ တရွာလုံးကိုနေထိုင်ဖို့ ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။
လင်းလက်










