DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁,၂၂၀ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့
DVB
·
June 25, 2020
ဓာတ်ခွဲနမူနာ ၁,၂၂၀ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့
Donate to DVB

ဇွန် ၂၄ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၂၂၀ ခု စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၈၅၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၃၆၈ ခု၊ စုစုပေါင်း ၁,၂၂၀ ခုအား ဒီနေ့မနက်အစောပိုင်း စစ်ဆေးပြီးစီးခဲ့တာပါ။

မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၁၁၀ အားစစ်ဆေးရာမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့ ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၁ ဦး ထပ်မံစစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။ လူနာသစ်ဟာ ဘူးသီးတောင်မြို့နယ်မှာနေထိုင်တဲ့  အသက် ၂၂ နှစ်အရွယ်  အမျိုးသား တဦးဖြစ်ပြီး  အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဇွန်လ ၂၅ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၉၃ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ  ၂၀၈ ဦးနဲ့ ဒီအထဲက  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၉၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013