DVB Logo
Home
မြန်မာသတင်း
မှတ်ပုံမတင်သည့်  တယ်လီဖုန်းဆင်းမ်ကတ်များကို ဇွန်လကုန် ပိတ်သိမ်းမည်
DVB
·
June 24, 2020
Donate to DVB

မှတ်ပုံတင်မထားတဲ့ တယ်လီဖုန်းဆင်းမ်ကတ်တွေကို ဒီလကုန်မှာပိတ်သိမ်းပြီး လက်ကျန်ငွေတွေကို အစိုးရဆီ လွှဲပြောင်းပေးမယ်လို့ တယ်လီနောမြန်မာက အသိပေးကြေညာလိုက်ပါတယ်။

ဖုန်းဆင်းမ်ကတ်တွေကို အမည်ပေါက်မှတ်ပုံတင်ဖို့အတွက် အချိန်တပတ်လောက်ပဲ ကျန်ပြီး ဇွန် ၃၀ ရက် နောက်ပိုင်းမှာတော့ အပြီး ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ လမ်းညွှန်ချက်တွေအရ ဆင်းမ်ကတ်တွေကို မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံခြားသားတွေအတွက် နိုင်ငံကူးလက်မှတ်နဲ့ မှတ်ပုံတင်ရမှာဖြစ်ပြီး သုံးစွဲသူ တယောက်ချင်းဟာ အော်ပရေတာတခုရဲ့ ဆင်းမ်ကတ် ၂ ခုပဲ ကိုင်ဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဇွန် ၃၀ ရက် နောက်ပိုင်း မှတ်ပုံတင်တာ မမှန်ကန်တဲ့ ဆင်းမ်ကတ်တွေကို အပြီးပိတ်သိမ်းပြီးရင် အဲဒီဆင်းမ်ကတ်တွေမှာကျန်တဲ့ လက်ကျန်ငွေတွေအားလုံးကိုလည်း အစိုးရဆီ လွှဲပြောင်းပေးမှာဖြစ်ပြီး လျော်ကြေးရမှာမဟုတ်သလို ဇွန် ၃၀ ရက် နောက်ပိုင်းမှာ မှတ်ပုံတင်လို့ ရတော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မှတ်ပုံမတင်ရသေးတဲ့ ဆင်းမ်ကတ်တွေကို မှတ်ပုံတင်လိုက်မယ်ဆိုရင် ဆုလက်ဆောင်အဖြစ် ဒေတာ 5 GB အထိ ဒါမှမဟုတ် ကျပ် ၁၀၀၀ အထိ ရနိုင်တယ်လို့ တယ်လီနောက ဆိုပါတယ်။

တယ်လီနောဆင်းမ်ကတ်တွေ မှတ်ပုံတင်မယ်ဆိုရင် တယ်လီနောစတိုး ဒါမှမဟုတ် လက်လီအရောင်းဆိုင်တွေမှာ မှတ်ပုံတင်နိုင်သလို တယ်လီနောဝက်ဆိုဒ်၊ MyTelenor အက်ပလီကေးရှင်း၊ Facebook Messenger ဒါမှမဟုတ် Viber Chat တို့က တဆင့်လည်း မှတ်ပုံတင်နိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

သုံးစွဲသူတွေအနေနဲ့ *979*3*3# ကို ဖုန်းခေါ်တာဖြစ်ဖြစ်၊ နံပါတ် ၅၀၀ ဆီကို “REG” လို့ စာတိုပို့ပြီးဖြစ်ဖြစ် ဆင်းမ်ကတ် ပိုင်ဆိုင်မှုကို စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။

အမ်ပီတီကတော့ MPT4U App က တဆင့်ဖြစ်ဖြစ်၊ *601# ကို ဆက်သွယ်ပြီး ဖြစ်ဖြစ်၊ ဒါမှမဟုတ် MPT ရဲ့ Customer Selfcare Website http://care.mpt.com.mm/ မှာ ဝင်ရောက်လို့ဖြစ်ဖြစ် အဆင်ပြေရာနည်းလမ်းတခုခုနဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ပြီး  ဒေတာ 1GB ကို ရနိုင်မယ်လို့ ဆိုပါတယ်။

အူရီဒူးမြန်မာကတော့ ဆင်မ်းကတ်အမည်ပေါက်မှတ်ပုံတင်တာအတွက် ကိုယ်တိုင်အတွက် လည်း လုပ်နိုင်သလို တခြားသူတွေအတွက်လည်း My Ooredoo app ကနေ မှတ်ပုံတင်ပေးနိုင်ပြီး အောင်မြင်သွားရင်လည်း ဆင်းမ်ကတ်ပိုင်ရှင်ရော မှတ်ပုံတင်ပေးတဲ့သူပါ တယောက်ကို 5GB အထိ ဒေတာလက်ဆောင်ရနိုင်မယ်လို့ ကြေညာထားပါတယ်။

မိုင်တဲလ်အတွက်ကတော့ အချက်အလက်မှန်၊ မမှန်စစ်ဖို့ *967# ကို ဖုန်းခေါ်ဆိုနိုင်ပြီး မှတ်ပုံတင်တာ၊ အချက်အလက်ပြောင်းချင်တာတွေအတွက်ကတော့ MyID app (bit.ly/MyIDApp) က နေလုပ်လို့ရသလို နီးစပ်ရာ Mytel အရောင်းစင်တာနဲ့အေးဂျင့်တွေမှာလည်း လုပ်လို့ရတယ်လို့ ဆိုပါတယ်။ bit.ly/MytelSIMReg ကတဆင့်လည်း မှတ်ပုံတင်နိုင်ပြီး အောင်မြင်ရင် 1GB နဲ့ မိနစ် 100 အပိုဆုတွေရမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013