DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၂၉၂ ဘင်္ဂလားဒေ့ရှ်ဘက် ကုန်သွယ်နေသူဖြစ်၊ ထိတွေ့ခဲ့သူများကို စုံစမ်းနေ
DVB
·
June 24, 2020
လူနာအမှတ် ၂၉၂ ဘင်္ဂလားဒေ့ရှ်ဘက် ကုန်သွယ်နေသူဖြစ်၊ ထိတွေ့ခဲ့သူများကို စုံစမ်းနေ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ လူနာအမှတ် ၂၉၂ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်တွေ ရွှေမင်းဂံကုန်သွယ်ရေးစခန်းကနေ တရားဝင်ကုန်သွယ်မှုပြုနေသူ ဖြစ်တယ်လို့ သိရပါတယ်။

လူနာအမှတ် ၂၉၂ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့အပတ်က ကုန်သွယ်မှုကိစ္စနဲ့ သွားရောက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိလာပြီး နေထိုင်မကောင်းတဲ့အတွက် မိသားစုထံမသွားဘဲ ကျန်းမာရေးဌာနကို အကြောင်းကြားကာ ဇွန်လ ၂၁ ရက်နေ့က စစ်တွေမြို့ ကမ်းနားလမ်းရှိ Strand Hotel မှာ Hotel Quarnatine နေထိုင်နေသူ ဖြစ်တယ်လို့ စစ်တွေခရိုင်ကျန်မာရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူက ဒီရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စီးပွားရေးကိစ္စနဲ့သွားခဲ့တယ်။ ပြန်လာတဲ့အခါမှာ နေမကောင်းဘူး။ ဖျားတယ်။ ဒါကြောင့် သူ့မိသားစုတွေဆီ မသွားဘဲ ကျန်းမာရေးဌာနကို သွားပြတယ်။ ဟိုတယ်မှာ အခန်းငှားပြီးနေတယ်။ Hotel Quarnatine ပေါ့။ သူ့ရဲ့ နှာခေါင်းနဲ့အာခေါင်တို့ပတ်တွေ ဓာတ်ခွဲစစ်ဆေးတော ဒီနေ့ (ဇွန်-၂၃) ပိုးတွေ့တာ။” 

အခုအခါ သူ့ကို ဟိုတယ်ကနေ စစ်တွေဆေးရုံကြီးရဲ့ အထူးကြပ်မတ်ဆောင်ကို ပို့ဆောင်လာခဲ့ပြီး သူနဲ့ ထိတွေခဲ့သူတွေကို စုံစမ်း ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၃ ဦး၊ သံတွဲမှာ ၁ ဦးနဲ့ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမြို့မှာ ၁ ဦး စုစုပေါင်း ၁၁ ဦးရှိပြီး သံတွဲလူနာမှာ ၂  ကြိမ်စစ်ဆေးပြီး ရောဂါမတွေ့ရတော့လို့ ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013