DVB Logo
Home
မြန်မာသတင်း
The Voice Myanmar တေးသံရှင် ညိုမီမီထွန်း သီချင်းသစ်-“မောင်ရက်စက်တာ သိလား” (ရုပ်သံ)
DVB
·
June 23, 2020
The Voice Myanmar တေးသံရှင် ညိုမီမီထွန်း သီချင်းသစ်-“မောင်ရက်စက်တာ သိလား” (ရုပ်သံ)
Donate to DVB

“မ,နှလုံးသားကို ခိုးယူ… ပြန်တောင်းလည်း မပေးတော့ဘူး… နူးညံ့လွန်းတဲ့ အချစ်တွေ ပိုင်ဆိုင်သွားခဲ့သူ… အနိုင်ပိုင်းလို့ မ,အသည်းလေး… ခွဲသွား အသက်မဲ့စွာ… အသက်ဆက်ဖို့ရန် အကြောင်းလည်း မရှိ… မောင်ရက်စက်တာ… သိလား”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွား စာသားတွေဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။

“မောင်ရက်စက်တာ သိလား”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ လူငယ်တေးသံရှင် ညိုမီမီထွန်းက သီဆိုပေးထားခဲ့တာဖြစ်ပြီး တေးရေး Naw Baybra က ရေးစပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။

ညိုမီမီထွန်းဟာ ကလေးအရွယ်ကတည်းက ရွက်ပုန်းသီးဂီတအနုပညာရှင် ကလေးငယ်တွေကို မွေးထုတ်ပေးရာ Starlet’s Sky - ကြယ်ကလေးတို့ရဲ့ ဂီတမိုးကောင်းကင် သီချင်းဆိုပြိုင်ပွဲမှာ သီချင်းတွေ သီဆိုပြိုင်ပွဲဝင်ခဲ့သူတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် The Voice Myanmar Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ချိန်မှာတော့ သူ့ရဲ့အသက်ဟာ ၁၉ နှစ်ရှိခဲ့ပြီဖြစ်ကာ ပြိုင်ပွဲတလျှောက် Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow အဆင့်တွေကို တခြားပြိုင်ပွဲဝင်တွေနဲ့ အတူ ခက်ခက်ခဲခဲ ဖြတ်ကျော်နိုင်ခဲ့ပြီး Semi Final အဆင့်ထိ တက်လှမ်းနိုင်ခဲ့တယ်။

ထူးခြားတဲ့ အသံနဲ့ ပညာသားပါပါ သီဆိုဟန်တွေတွေဟာ သူ့ကို ညိုမီမီထွန်းရယ်လို့ ပရိသတ်တွေက ပိုမိုသတိထားမိစေခဲ့သလို ခုတခါမှာရော ဘယ်လိုပုံစံနဲ့ သီဆိုအစွမ်းပြထားမလဲဆိုတာကိုတော့ ဒီသီချင်းထဲမှာ ခံစားနားဆင်နိုင်မှာပါ။

“မောင်ရေ… ကွဲသွားတဲ့ မ,နှလုံးသား… ကြည့်ရက်နိုင်တာ မလွန်ဘူးလား… မိန်း ကလေးတယောက်ရဲ့ အချစ်ဟာ… မောင့်အတွက် တန်ဖိုးမရှိဘူးလား… ဒီလို သွေးအေးသွားတာ ဘာကြောင့်လဲ… ရည်းစားဦးက သင်ပေးသလား… ဖြူစင်လွန်းတဲ့ မရဲ့ အချစ်ကို အသိအမှတ် ပြုပေးပါ”

ဒီသီချင်းကိုတော့ Tay Than Thar Music ကနေ ဖြန့်ချိပေးထားတာဖြစ်ပြီး ညိုမီမီထွန်းကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေပေးထားတာပါ။

“တေးသံသာမှာ ညိုမီရဲ့မောင်ရက်စက်တာသိလား'သီချင်းလေး နားထောင်လို့ရပြီ နော် ! အမှတ်တရလေးတွေ ဝေမျှခဲ့ပေးဦးရှင့်🥰 ညိုမီကို အားပေးတဲ့သူတွေအတွက် သီ ချင်းသစ်လေးတွေလဲ ဆက်လက်ကြိုးစားနေပါတယ် 💞”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013