DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာအမှတ် ၂၄၉ ၏ အမျိုးသားအပါအဝင် ထိတွေ့ခဲ့သူ ၁၇ ဦး ရောဂါပိုးမတွေ့
DVB
·
June 22, 2020
ကိုဗစ်လူနာအမှတ် ၂၄၉ ၏ အမျိုးသားအပါအဝင် ထိတွေ့ခဲ့သူ ၁၇ ဦး ရောဂါပိုးမတွေ့
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ဆေးရုံကြီးမှာ တက်ရောက်ကုသနေနေတဲ့ လူနာအမှတ် ၂၄၉ ရဲ့ အမျိုးသားအပါအဝင် ထိတွေ့ဆက်စပ်သူတွေကို ဓာတ်ခွဲနမူနာယူ စစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရှိဘူးလို့ မိုးမောက်မြို့နယ် ကျန်းမာရေးမှူးက ပြောပါတယ်။

လူနာအမှတ် ၂၄၉ ရဲ့ အမျိုးသားအပါအဝင် ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နဲ့ လွယ်ဂျယ် ဘက်က ဆက်စပ်သူ ၁၇ ဦးကျော်ကို စစ်ဆေးခဲ့တာပါ။

လက်ရှိမှာတော့ လူနာအမှတ် ၂၄၉ ကို ထပ်မံစစ်ဆေးထားပြီး တခြား ထိစပ်ခဲ့တဲ့သူ ၆၃ ဦးရဲ့ ဓာတ်ခွဲနမူနာ အဖြေလည်း ကျန်ရှိနေသေးတယ်လို့ ပြောပါတယ်။

လူနာအမှတ် ၂၄၉ ဟာ ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လက လွယ်ဂျယ်နယ်စပ် အဝင်အထွက်ဂိတ်မှာ ရက်ပိုင်းတာဝန်ကျခဲ့တာပါ။ အဲဒီနောက်မှာတော့ ရောဂါလက္ခဏာ ခံစားရတာမရှိဘဲ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပြီး ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ဗန်းမော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတာပါ။

ကျန်းမာရေးဝန်ထမ်း လူနာအမှတ် ၂၄၉ နဲ့ ထိတွေ့ခဲ့သူအားလုံး ၂၂၆ ယောက်ရှိပြီး ၆၃ ယောက်ကတော့ ဓာတ်ခွဲအဖြေ ကျန်နေသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013