DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့ ကိုဗစ်လူနာအမှတ် ၂၆၃ နှင့် ထိတွေ့သူ ၃၈ ဦး ရောဂါပိုးမတွေ့
DVB
·
June 21, 2020
ဘူးသီးတောင်မြို့ ကိုဗစ်လူနာအမှတ် ၂၆၃ နှင့် ထိတွေ့သူ ၃၈ ဦး ရောဂါပိုးမတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၂၆၃ နဲ့ ထိတွေ့သူ ၃၈ ယောက်လုံးကို ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရှိရဘူးလို့ ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

“၃၈ ဦးလုံး Negative ဖြစ်ပါတယ်။ သူတို့ကတော့ ပိုးတွေ့လူနာ ၂၆၂ နဲ့ ၂၆၃ နဲ့ ထိတွေ့ခဲ့သူတွေ ဖြစ်တယ်။ အားလုံး ကျီးနုတ်သီးကျေးရွာကဖြစ်တယ်” လို့ ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက DVB ကို ပြောပါတယ်။

ဘူးသီးတောင်မြို့ရဲ့ တတိယလူနာအမှတ် ၂၆၃ ဟာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် ဖခင် လူနာအမှတ် ၂၆၂ နဲ့ ထိတွေ့ပြီး ရောဂါကူးစက်ခံခဲ့ရသူ ဖြစ်ပါတယ်။ လက်ရှိမှာ သူဟာ မောင်တောခရိုင်ပြည်သူဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။

သူ့ရဲ့ ဖခင်ဖြစ်သူ လူနာအမှတ် ၂၆၂ ကတော့ ပြီးခဲ့တဲ့မေလက ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းကို တရားမဝင် သွားရောက်ဆေးကုသပြီး ပြန်လာရာမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာပါ။

လူနာအမှတ် ၂၆၂ နဲ့ ထိတွေ့ခဲ့သူ ၂၉ ယောက်ကို စစ်ဆေးရာမှာလည်း ၂၈ ယောက်ဆီမှာ ပိုးမတွေ့ရဘဲ အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူ လူနာအမှတ် ၂၆၃ ဆီမှာပဲ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ရောဂါပိုးမတွေ့ရှိသူ ၂၈ ယောက်ကိုလည်း ဒုတိယအကြိမ် စစ်ဆေးသွားမယ်လို့ ဘူးသီးတောင်မြို့နယ်ကျန်းမာရေးဌာနဆီက သိရပါတယ်။

လူနာအမှတ် ၂၆၃ နေထိုင်တဲ့ ဘူးသီးတောင်မြို့နယ် အိမ်ခြေ ၈၀ လောက်ရှိတဲ့ ကျီးနုတ်သီးကျေးရွာက ထိတွေ့သူအားလုံးမှာ ရောဂါပိုးမတွေ့ရှိရပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ စည်းကမ်းများအတိုင်း အသွားအလာကန့်သတ်မှု ၂၁ ရက် ထားရှိမှာ ဖြစ်သလို ပြင်ပက လာသူတွေကိုလည်း ကျေးရွာထဲ အဝင်မခံဘဲ တားဆီးသွားမယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဆီက သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ မောင်တောမြို့မှာ ၄ ဦး၊ ဘူးသီးတောင် ၃ ဦး၊ သံတွဲ ၁ ဦးနဲ့ တောင်ကုတ်မှာ ၁ ဦး၊ စုစုပေါင်း ၉ ဦးရှိပြီး သံတွဲမှ လူနာကတော့ ၃ ကြိမ်စစ်ဆေးပြီး ရောဂါမတွေ့ရတော့တာကြောင့် ဆေးရုံက ဆင်းခွင့်ရပြီလို့ သိရပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013