DVB Logo
Home
မြန်မာသတင်း
ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၅ ဒသမ ၄ သန်းကျော်ကို ကျပ် ၂ သောင်းစီ ထောက်ပံ့မည်
DVB
·
June 20, 2020
ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၅ ဒသမ ၄ သန်းကျော်ကို ကျပ် ၂ သောင်းစီ ထောက်ပံ့မည်
Donate to DVB

ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေကို အစိုးရရဲ့ ထောက်ပံ့မှု ဒုတိယအကြိမ်အနေနဲ့ အိမ်ထောင်စုပေါင်း ၅ သန်း ၄ သိန်း‌ကျော်ကို တစ်အိမ်ထောင် ကျပ်နှစ်သောင်းနှုန်းနဲ့ ထောက်ပံ့ဖို့ ညွှန်ကြားထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ပထမအကြိမ် ထောက်ပံ့မှုတွေကို ဧပြီလအတွင်းက ပြုလုပ်ခဲ့စဉ်က စားသောက်ကုန် ၅ မျိုးကို အိမ်ထောင်စု ၄ သန်းကျော်ဆီ ဖြန့်ဝေခဲ့တာဖြစ်ပြီး တချို့မိသားစုဝင်တွေက ၅ မျိုး အပြည့်မရတာတွေ ရှိခဲ့ပါတယ်။ 

ဒါ့အပြင် စာရင်းထဲမပါဘဲ ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုကလည်း ၁ ဒသမ ၄ သန်းကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အခု ဒုတိယအကြိမ်မှာတော့ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု အားလုံးပေါင်း ၅ သန်း ၄ သိန်းကျော်ကို ကျပ် ၂ သောင်းစီ ထောက်ပံ့သွားမှာဖြစ်ပါတယ်။ 

ဒီလိုထောက်ပံ့ရာမှာ မူလက mobile payment မှတဆင့် ထောက်ပံ့ဖို့ စီစဉ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ မြို့နယ် ၃ မြို့နယ်ကိုသာ ရှေ့ပြေးအနေနဲ့ mobile payment အသုံးပြုထောက်ပံ့မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“တနိုင်ငံလုံးကို ပေးတာထက်စာရင် pilot အနေနဲ့ ၃ မြို့နယ်ကို ရွေးလိုက်ပါတယ်။ အဲဒီ ၃ မြို့နယ်က နံပါတ် ၁ ကတော့ နေပြည်တော်မှာရှိတဲ့ ပုဗ္ဗသီရိ ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဖြစ်ပါတယ်။ နံပါတ် ၃ ကတော့ ရှမ်းပြည်နယ် ကလောမြို့နယ် ဖြစ်ပါတယ်။ ဒီ ၃ မြို့နယ်ကိုတော့ mobile payment နဲ့ စပြီးတော့ pilot အနေနဲ့ ပေးမယ်ဆိုပြီးတော့ ၂ သောင်းစီ ပေးတဲ့ဟာကိုလုပ်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ဒေသတွေကိုတော့ cash ပေါ့နော်၊ ပိုက်ဆံကိုပဲ ဒီတိုင်း အုပ်ချုပ်ရေးယန္တရားကတဆင့် ဖြန့်ဝေပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အိမ်ထောင်စု ၅ သန်း ၄ သိန်းကျော်ကို ငွေ ၂ သောင်းစီ ထောက်ပံ့ပေးဖို့အတွက် ဗဟိုကော်မတီက ညွှန်ကြားထားပြီးဖြစ်တာကြောင့် လာမယ့် တစ်ပတ်၊ နှစ်ပတ်အတွင်း ပေးသွားနိုင်ဖွယ်ရှိတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ပထမအကြိမ်အတွင်း ကျန်ခဲ့တဲ့ အိမ်ထောင်စု ၁ ဒသမ ၄ သန်းကျော်အတွက်ကိုလည်း တစ်အိမ်ထောင်ကို ကျပ် ၁ သောင်းခွဲစီ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013