DVB Logo
Home
မြန်မာသတင်း
ထိုင်းကပြန်လာသူများကို Quarantine ဝင်ပြီး ၇ ရက်မြောက်နေ့တွင် ရောဂါပိုးရှိ မရှိစစ်ဆေး
DVB
·
June 19, 2020
ထိုင်းကပြန်လာသူများကို Quarantine ဝင်ပြီး ၇ ရက်မြောက်နေ့တွင် ရောဂါပိုးရှိ မရှိစစ်ဆေး
1 / 2
Donate to DVB

ထိုင်းနိုင်ငံကနေပြန်လည်ဝင်ရောက်လာသူတွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးမှုကို Quarantine ဝင်ရောက်ပြီး ၇ ရက်မြောက်နေ့မှာ  စတင်စစ်ဆေးသွားမယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

မြဝတီမြို့ Quarantine စခန်းတွေမှာ နေ့စဉ်လူဦးရေ ၂၀၀ အထိ  နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာတွေရယူပြီး  ဗဟိုကူးစက်ရောဂါ ကာကွယ်ရေးဌာန၊ အရေးပေါ်တုံ့ ပြန်ဆောင်ရွက်ရေးအဖွဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဓာတ်ခွဲနမူနာရယူ စစ်ဆေး​နေပါတယ်။

မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတား BCF ဇုန်က တဆင့် ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတို့ကို ပြန်လည်ဝင်ရောက်လာသူ ၂ ဦးထံက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ကျန်းမာရေးစစ်ဆေးမှုတွေကို ရက်ပြောင်းလဲပြီး စနစ်တကျ စစ်ဆေးနေတာပါ။

မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်က “ဒါက Quarantine ကနေ Home Quarantine ဝင်တဲ့အချိန်တွေမှာပဲဖြစ်ဖြစ် Home Quarantine ပြည့်သွားလို့ သွားလာကန့်သတ်မှုကနေပြီး အများနည်းတူ သွားလာတဲ့အခါမှာပဲဖြစ်ဖြစ် ကူးစက်မှုမရှိအောင် Safe ဖြစ်အောင် ကျနော်တို့ စစ်ဆေးတာ”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား လူဦးရေဟာ နေ့စဉ် ၁၀၀၀ နီးပါးဝင်ရောက်ပြီး မြဝတီမြို့ Quarantine စခန်း ၈ ခုကနေ လူဦးရေ ၂၅၀၀ အထိ လက်ခံထားကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနိုင်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဇွန် ၁ ရက်က စတင်ပြီး သံရုံးအစီအစဉ်နဲ့ တရားဝင်ပြန်လည်ဝင်ရောက်လာသူ ၆၀၀၀ နီးပါး၊ သီးခြားဝင်ရောက်သူ ၂၂၀၀၀ ကျော်နဲ့ ထိုင်း IDC စခန်းကနေပြန်လွတ်လာသူ ၆၀၀ ကျော် ဝင်ရောက်လာခဲ့ပြီးဖြစ်သလို ထပ်မံဝင်ရောက်ဖို့ ကျန်ရှိနေပါသေးတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013