DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁ ဦးထပ်တွေ့
DVB
·
June 18, 2020
ဘူးသီးတောင်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁ ဦးထပ်တွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁ ဦး ထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇွန်လ၁၈ ရက်မနက် သတင်းထုတ်ပြန်ပါတယ်။

အဆိုပါလူနာသစ်ဟာ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြည်ပကိုခရီးသွားခဲ့တာ မရှိပေမဲ့ အတည်ပြုလူနာ အမှတ် ၂၆၂ နဲ့ ထိတွေ့မှုရှိခဲ့လို့ မောင်တောမြို့နယ်မှာ အသွားအလာကန့်သတ်ထားရှိခံနေရသူဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၅၉)ခု နဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ကုတင် - ၁၀၀၀)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၂၃၅)ခု  စုစုပေါင်း (၈၉၄) ခုကို ဒီနေ့ မနက် အစောပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် တစ်ဦး ထပ်တွေ့ရတာပါ။ 

ဇွန်လ ၁၈ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာ ပေါင်း ၂၆၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၁၇၉ ဦးနဲ့ အဲဒီထဲက ၁၆၂ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013