DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင်ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၃၄ ဦးကို  လေယာဉ်ဖြင့်ပြန်ခေါ် 
DVB
·
June 17, 2020
မလေးရှားတွင်ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၃၄ ဦးကို  လေယာဉ်ဖြင့်ပြန်ခေါ် 
Donate to DVB

မလေးရှားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့  မြန်မာနိုင်ငံသား ၁၃၄ ဦးကို ဒီကနေ့ ဇွန်လ ၁၇ ရက်မနက်က  ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ 

မလေးရှားနိုင်ငံ၊ ENRA Group Bhd ရဲ့ MT Ratu Chemical/Oil Products Tankerမှ ထားဝယ်မြို့၊ ရဲတံခွန်ရေနံတူးစင်မှာ လုပ်ငန်းတာဝန်ပြီးဆုံးတဲ့  ကျွမ်းကျင်ဝန်ထမ်းတွေကို Malindo Air လေယောဉ်နဲ့ မလေးရှားနိုင်ငံသို့ ပြန်လာခေါ်ဖို့ရှိနေတဲ့အတွက် အလာခရီးစဉ်မှာ မလေးရှားရောက် မြန်မာနိုင်ငံသား ၁၃၄ ဦး လိုက်ပါနိုင်ဖို့ မြန်မာသံရုံးက ညှိနှိုင်းဆောင်ရွက် ပြန်ခေါ်ခဲ့တာလို့ ဆိုပါတယ်။

နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဒီနေ့မနက် ၁၁ နာရီ မိနစ် ၄၀ လောက်က ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူကာ သူတို့ကို သတ်မှတ်နေရာမှာ  ၂၁ ရက် အသွားအလာ ကန့်သတ် ထားရှိမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလ နိုင်ငံတကာခရီးသည်တင် လေယာဉ်ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိနေပြီး မြန်မာပြည် ပြန်လာဖို့ အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေ စီစဉ်ပေးပြီး ပြန်လည်ခေါ်ဆောင်နေတာ ဖြစ်ပါတယ်။

ခုအကြိမ်နဲ့ဆိုရင် မလေးရှားနိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာ  သုံးကြိမ်ရှိပြီဖြစ်ပြီး   မြန်မာနိုင်ငံသား စုစုပေါင်း ၃၃၄ ဦး နေရပ် ပြန်လာ နိုင်ခဲ့ကြပါတယ်။ 

လာမယ့် ဇွန်လ ၁၉ ရက်နဲ့ ဇွန်လ ၂၇ ရက်တွေမှာလည်း မလေးရှားရောက် မြန်မာတွေကို ထပ်မံ ခေါ်ဆောင်ဖို့ရှိတယ်လို့ နိုင်ငံခြားရေး ဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013