DVB Logo
Home
မြန်မာသတင်း
ဖောင်ကြီးဆေးရုံဝန်ထမ်း ၄၀၀ အတွက် ဝတ်မှုန်ရွှေရည်နှင့်အတူ ပါဝင်လှူဒါန်းနိုင်
DVB
·
June 17, 2020
ဖောင်ကြီးဆေးရုံဝန်ထမ်း ၄၀၀ အတွက် ဝတ်မှုန်ရွှေရည်နှင့်အတူ ပါဝင်လှူဒါန်းနိုင်
Donate to DVB

ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်က မကြာခင်မှာ ပြုလုပ်သွားဖို့ရှိနေတဲ့အလှူမှာ သူနဲ့အတူ ပါဝင်လှူဒါန်းလိုတဲ့ ပရိသတ်တွေကို ဖိတ်ခေါ် ထားပါတယ်။

‘နင်စေရင်’၊ ‘နှလုံးသားဖြင့် ပြုလုပ်သည်’ စတဲ့ ရုပ်ရှင်ကားတွေနဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိထားတဲ့ ဝတ်မှုန်ရွှေရည်ဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိသူတဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း COVID-19 ဗိုင်းရပ်စ်ကပ်ကာလမှာ အိမ်မှာ မနေသာဘဲ အပြင်ထွက် ဝမ်းရေးအတွက် လှုပ်ရှားနေကြရတဲ့ မရှိနွမ်းပါးသူတွေကို လိုအပ်မယ့်ပစ္စည်းတွေနဲ့ အလှူဒါန ပြုလုပ်ခဲ့ပါသေးတယ်။

ခုတခါမှာတော့ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးမှာ အဓိက လုပ်ဆောင်နေကြတဲ့ ဖောင်ကြီးဆေးရုံကျန်းမာရေးဝန်ထမ်းအယောက် ၄၀၀ အတွက် ကျန်းမာရေးအာမခံအလှူ ပြုလုပ်သွားမှာဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် ပရိသတ်တွေအတွက် သတင်းမျှဝေထားခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတယောက်အတွက် အသက်အာမခံကြေးငွေကျပ် ၁၀,၀၀၀ ကျသင့်မှာဖြစ်ပြီး တကယ်လို့များ ကျန်းမာရေးဝန်ထမ်းမှာ တစုံတခုဖြစ်ပေါ်သွားခဲ့ရင် ၁၀ သိန်း ရရှိမှာ ဖြစ်တဲ့အတွက် အားလုံးလှူရတာပိုပြီးထောက်ပံ့ရာရောက်ကြောင်းလည်း ဝတ်မှုန်ရွှေရည်က ရေးသားထားခဲ့ပါတယ်။

သူနဲ့အတူ ပါဝင်လှူဒါန်းချင်တဲ့ ပရိသတ်တွေအနေနဲ့ မချစ်အိမ်သူ Chit Aein Thu - ဖုန်း ၀၉၈၈၅၀၂၂၂၀၉ ကို ဆက်သွယ်ပြီး ဖော်ပြထားတဲ့ ဘဏ်အကောင့်နံပါတ် -

KBZ Bank 02130199930508601

AYA Bank 008020101016563

Wave Money 095022209

KBZ Pay 095022209 တွေဆီ ပေးပို့ လှူဒါန်းနိုင်ကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013