DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လူပျောက်ကြော်ငြာ အဆ ၂၀ ကျော်မြင့်တက်လာ
DVB
·
July 14, 2026
Photo: Thailand Immigration and Inspection Department
Photo: Thailand Immigration and Inspection Department
Donate to DVB

စစ်အာဏာရှင်အစိုးရက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရတာ၊ ခြိမ်းခြောက်ခံရတာနဲ့ လူပျောက်ဆုံးမှုတွေဟာ ပုံမှန်ထက် သိသိသာသာ မြင့်တက်လာတယ်လို့ Myanmar Witness အဖွဲ့ရဲ့ ဇူလိုင် ၁၃ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

Myanmar Witnessက လူပျောက်ကြော်ငြာတွေကို လေ့လာဆန်းစစ်ရမှာ စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတုန်းက လူပျောက်ကြော်ငြာ ၄ ခုပဲ ရှိခဲ့ပေမဲ့၊ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာတော့ လူပျောက်ကြော်ငြာပေါင်း ၈၂ ခုအထိ အဆပေါင်း ၂၀ ကျော် မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အထူးသဖြင့် ရန်ကုန်တိုင်းမှာ လူပျောက်တိုင်ကြားမှု ၁၆၃ ခုနဲ့ အများဆုံးဖြစ်ပြီး မန္တလေးနဲ့ ရှမ်းပြည်နယ်တို့က နောက်ကနေ အသီးသီး လိုက်နေကာ ပျောက်ဆုံးသူအများစုဟာ စစ်မှုထမ်းရမဲ့အရွယ် ရောက်နေတဲ့ အမျိုးသားတွေနဲ့ ယောက်ျားလေးတွေ ဖြစ်တယ်လို့ Myanmar Witness ရဲ့တွေ့ရှိချက်ကဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ကာလအတွင်း ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကနေ မြန်မာနိုင်ငံသား ၃,၃၁၃ ယောက် ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး၊ အဲဒီအထဲက ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကနေ ပြန်ပို့ခံရတဲ့ လူငယ်တွေကို စစ်အာဏာရှင်ရဲ့ စစ်တပ်တပ်ရင်းတွေထဲကို တိုက်ရိုက်ခေါ်ဆောင်ပြီး စစ်သင်တန်းပေးကာ အဓမ္မစစ်သားစုဆောင်းခဲ့တာတွေကိုပါ ကွင်းဆင်းစုံစမ်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို လူမှုကွန်ရက်ပေါ်မှာ လူပျောက်ကြော်ငြာတွေ အဆမတန်များလာတာဟာ စစ်အာဏာရှင်တပ်က တရားဝင်ဆင့်ခေါ်တာမျိုးထက် လမ်းပေါ်မှာတင် ဖမ်းဆီးတာ၊ မိသားစုကို အကြောင်းမကြားဘဲ ဖျောက်ဖျက်ပစ်တဲ့ နည်းလမ်းတွေနဲ့ အဓမ္မစစ်သားစုဆောင်းနေတာကို ပြသနေတဲ့ သက်သေအထောက်အထားတွေဖြစ်တယ်လို့ Myanmar Witness က ထောက်ပြထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013