DVB Logo
Home
မြန်မာသတင်း
ကမမောင်းတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရ
DVB
·
June 15, 2020
ကမမောင်းတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ်၊ ကတိုင်တီးကျေးရွာမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ဘီဂျီအက်စ်တပ်သားသစ်တဦးက အဓမ္မပြုကျင့်တယ်ဆိုပြီး တိုင်ကြားခဲ့တဲ့အတွက် ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြုပြောဆိုပါတယ်။

ကတိုင်တီးကျေးရွာမှာ ဇွန် ၁၃ ရက် ညနေ ၅ နာရီခန့်က ကမမောင်း ဖာပွန်သွားကလမ်းမကြီးဘေး၊ အလှူခံမုခ်ဦးမှာ အလှူခံနေခိုက် ဘီဂျီအက်စ် ၁၀၁၃ တပ်ရင်းက လုံခြုံရေးတာဝန်ကျနေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်ခဲ့တာလို့ နယ်မြေရဲစခန်း ဒုရဲအုပ်နိုင်နိုင်အောင်က ပြောပါတယ်၊။

“သက်ငယ်မုဒိမ်းမှုလည်းမြောက် ထိရောက်တဲ့ပြစ်ဒဏ်လည်း ရရှိအောင် ဒီမှာ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့၊ စခန်းကအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

မိန်းကလေးငယ် ရရှိထားတဲ့ ဒဏ်ရာတွေကို ဆေးကုသမှုခံယူနိုင်ဖို့ ဖာပွန်ဆေးရုံကြီးကို ရဲဆေးစာနဲ့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့သူကို အရေးယူပေးဖို့ မိခင်ဖြစ်သူက ကတိုင်တီးနယ်မြေရဲစခန်းကို တိုင်တန်းခဲ့တဲ့အတွက် ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဖြားယောင်းသွေးဆောင်မှု ရာဇသတ်ကြီး ၃၆၃၊ မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ဓမ္မတာဆန်ကျင့်ပြုမှု ရာဇသတ်ကြီးပုဒ်မ ၃၇၇ တွေနဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013