DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၂၃၃ ကို ဒုတိယအကြိမ်စစ်ဆေးချက်အရ ရောဂါပိုးမတွေ့
DVB
·
June 14, 2020
လူနာအမှတ် ၂၃၃ ကို ဒုတိယအကြိမ်စစ်ဆေးချက်အရ ရောဂါပိုးမတွေ့
Donate to DVB

ထိုင်းနိုင်ငံကနေ ညောင်လေးပင်မြို့နယ်ကို ပြန်လာတဲ့ အတည်ပြုလူနာအမှတ် ၂၃၃ ကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရှိကြောင်း ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။

အဲဒီအမျိုးသားက ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံကပြန်လာတာဖြစ်ပြီး ဇွန်လ ၃ ရက်နေ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့လို့ ပဲခူးမြို့ ကိုဗစ်လူနာတွေထားတဲ့ ကလိဆေးရုံကို ပို့ဆောင်ကုသနေထားတာပါ။

စတင်ပို့ဆောင်စဉ်ကတည်းက ဖျားတာနာတာ မရှိသလို နှားစီချောင်းဆိုးတာလည်း မရှိခဲ့ဖူးလို့ ဆိုပါတယ်။

ပဲခူးတိုင်းအတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦး၊ သေဆုံးသူ ၁ ဦးနဲ့ ရောဂါသက်သာ ပျောက်ကင်းလာသူ ၆ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013