DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအမှတ် ၂၄၄ နှင့် ထိတွေခဲ့သူ ၄၇ ဦးတွင် ရောဂါပိုးမတွေ့
DVB
·
June 13, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၂၄၄ နှင့် ထိတွေခဲ့သူ ၄၇ ဦးတွင် ရောဂါပိုးမတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ လူနာအမှတ် ၂၄၄ နဲ့ ထိတွေခဲ့သူ ၄၇ ဦးကို ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုး မတွေ့ရဘူးလို့ ကျန်းမာရေးဌာနက တာဝရှိသူက ပြောပါတယ်။

ကိုဗစ်-၁၉ လူနာအမှတ် ၂၄၄ နဲ့ ထိတွေခဲ့သူ ၄၇ ဦးအား ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးသွားမယ်လို့ မောင်တောခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။

"အားလုံ Negative ပါ။ ဇွန်လ ၁၂ ရက်နေ့ မနက်မှ သိရတာပါ။ သူတို့ကို နောက်ထပ်ဒုတိယအကြိမ် စစ်ဆေးရပါဦးမယ်။"

သူနဲ့ထိတွေ့သူ ၄၇ ဦးအား လှဖိုးခေါ်ယာယီပြည်လက်ခံရေးစခန်းမှာ Facility Quarantine ထားရှိထားပြီး ဓာတ်ခွဲစစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ခွဲစစ်ဆေးတာမှာ လူနာအမှတ် ၂၄၄ နဲ့ ထိတွေခဲ့သူ ၄၇ ဦးနဲ့ Facility Quarantine ဝင်နေသူ ၃ ဦးတို့ ပါဝင်တယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

သူနေထိုင်ခဲ့တဲ့ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာအား Home Stay နေထိုင်ကြဖို့ ကျန်မာရေးဌာနက ညွှန်ကြားထားပါတယ်။

မောင်တောမြို့က ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ လူနာအမှတ် ၂၄၄ ဟာ မေလ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လာတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၄၆ ဦး၊ သေဆုံးသူ ၆ ဦး၊  ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှုမှာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၆၅ ဦးထဲက ၁၅၈ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားပါတယ်။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013