DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီးဒေသရှိ အထင်ကရနေရာများကို လည်ပတ်ခွင့် ယာယီပိတ်သိမ်း
DVB
·
June 12, 2020
အင်းတော်ကြီးဒေသရှိ အထင်ကရနေရာများကို လည်ပတ်ခွင့် ယာယီပိတ်သိမ်း
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အထင်ကရနေရာတွေ လည်ပတ်သွားလာတာကို ဇွန်လ ၁၁ ရက်ကစပြီး ယာယီ ပိတ်သိမ်းလိုက်တယ်လို့  မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ပြောပါတယ်။

“ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်ဖို့ သွားလာလည်ပတ်ခွင့်ကို ယာယီ ပိတ်သိမ်းပါတယ်။ လူများတော့ ဘယ်သူ့ဆီကနေ ပိုးပါလာမှာကို မသိနိုင်ပါဘူး။ ကမ္ဘာ့ ကပ်ရောဂါမို့ ထိန်းချုပ်ရလည်းခက်ခဲပါမယ်။ ဒါကြောင့် သမိုင်းဝင် ရွှေမဉ္ဇူရေလယ်ဘုရား၊ ဟိုဖာကမ်းခြေ၊ မုဆိုးမခြေရာနဲ့ ဟဲပု ကမ်းခြေတို့လည်း အကုန်လုံးပါ ပါတယ်” 

အင်းတော်ကြီး သမိုင်းဝင် ရွှေမဉ္ဇူရေလယ်ဘုရားပွဲတော်အပြီး မကြာခင်ရက်ပိုင်းထဲက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နယ်နဲ့တစ်နယ် သွားလာခွင့်ကို ယာယီပိတ်ထားခဲ့ပေမဲ့ မေလ ကုန်ခါနီး တားဆီးမှုတွေကို ဖြေလျှော့ခဲ့တာကတစ်ကြောင်း အင်းတော်ကြီးရေလယ်ဘုရားမှာ နှစ်ပေါင်း ၇၀ မှာ တစ်ကြိမ်သာ နတ်လမ်းပေါ်လာတဲ့အတွက် ဘုရားဖူးတွေ သွားလာမှုတွေ အခုရက်ပိုင်းရှိနေခဲ့တာပါ။

“ကျနော်တို့လည်း စျေးဆိုင်တွေကို မရောင်းချဖို့ ပြောထားပါတယ်။ ကျနော်တို့လည်း ကြောက်ပါတယ်။ ဘယ်သူ့ဆီကရောဂါပိုးပါလာတယ်ဆိုတာ မသိနိုင်ဘူး” လို့ ဟဲပုကမ်းခြေမှာ ကားကျွတ်များငှားပေးတဲ့ ဆိုင်ရှင်က ပြောပါတယ်။

အင်းတော်ကြီးမြို့ အုပ်ချုပ်ရေးမှူးဦးစံရွှေမြင့်ကလည်း အင်းတော်ကြီးဒေသရှိ အထင်ကရ နေရာတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင် တွေကို အဖွဲ့လိုက်တာဝန်ပေးအပ်ပြီး ပိတ်သိမ်းသွားမှာဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်နေတဲ့ကာလမှာ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို ပြည်သူတစ်ဦးချင်းအနေနဲ့ လိုက်နာမှုမရှိဘဲ လူစုလူဝေးနဲ့ လည်ပတ်တာကြောင့် အတိအလင်းပိတ်သိမ်းကြောင်း ကြေညာတာဖြစ်တယ်လို့ သိရပါတယ်။ 

သတင်း- ခင်သန်းညွန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013