DVB Logo
Home
မြန်မာသတင်း
ကိုဗစ်- ၁၉  လူနာသစ် ၁၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၂၆၀ ဦးအထိရှိလာ
DVB
·
June 11, 2020
ကိုဗစ်- ၁၉  လူနာသစ် ၁၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၂၆၀ ဦးအထိရှိလာ
Donate to DVB

အိန္ဒိယနိုင်ငံက ပြန်လာသူ ၁၀ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၂၆၀ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။

လူနာသစ်တွေကတော့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က ၄ ဦး၊ တာမွေမြို့နယ်က ၃ ဦး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ၃ ဦးနဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က အသက် ၂၆ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် ပြန် အမျိုးသား ၁ ဦးတို့ဖြစ်ကြပါတယ်။

အဆိုပါလူနာသစ် ၁၁ ဦးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာမရှိပေမဲ့ ပြည်ပက ပြန်လာသူတွေဖြစ်တဲ့အတွက် သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူတွေ ဖြစ်ကြပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၆၅၂ခု၊  ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၉၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - MDY) မှ ဓာတ်ခွဲနမူနာ ၃၅၈ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL - MLM) မှ ဓာတ်ခွဲနမူနာ ၉၄ ခု စုစုပေါင်း ၁,၂၉၇ ခုကို ဒီကနေ့ညနေ  စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၁ ဦး တွေ့ရှိရတာပါ။

ဇွန်လ ၁၁ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း  ၂၆၀ ဦး၊ သေဆုံးသူ ၆ ဦး  နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ  ၁၆၅ ဦးရှိပြီး ဒီအထဲက  ၁၅၀ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Phot0- Theingi WinMyat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013