DVB Logo
Home
မြန်မာသတင်း
တရားလိုမိသားစုက နစ်နာကြေး ကျပ်သိန်း ၁၀၀ တောင်းဆိုနေဟု သရုပ်ဆောင် မင်းရာဇာပြော
DVB
·
June 11, 2020
တရားလိုမိသားစုက နစ်နာကြေး ကျပ်သိန်း ၁၀၀ တောင်းဆိုနေဟု သရုပ်ဆောင် မင်းရာဇာပြော
Donate to DVB

တရားလိုဖြစ်တဲ့ အိမ်အကူမိန်းကလေးမိသားစုဘက်က နစ်နာကြေး ကျပ်သိန်း ၁၀၀ ပေးဖို့ တောင်းဆိုနေတယ်လို့ သရုပ်ဆောင်မင်းရာဇာက ဇွန် ၁၁ ရက် ရုံးထုတ်စစ်ဆေးမှု အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ 

အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်တာ၊ တူနဲ့ထုတာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွှေပေါက္ကံမြို့နယ်ရဲစခန်းမှာ  မိန်းကလေးရဲ့ မိခင်ဖြစ်သူက သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးဖြစ်သူ အပါအဝင် ၄ ဦးတို့ကို ရာဇသတ်ကြီးပုဒ်မ ၄ ခုနဲ့ ဧပြီ ၇ ရက်က အမှုဖွင့်ခဲ့တာပါ။ 

အမှုဖွင့်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာ ၄ ကြိမ်မြောက်ရုံးချိန်းမှာတော့ တရားလို ဘက်က ရုံးပြောင်းလျှောက်ထားတာတွေနဲ့ ပုဒ်မ ၃၂၅ နဲ့ တရားစွဲဆိုခံထားရတဲ့ မင်းရာဇာရဲ့ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးက မြောက်ဥက္ကလာဆေးရုံမှာ ဆေးကုသမှုခံယူနေရတာ ကြောင့် လာမယ့်ဇွန်လ ၂၅ ရက်နေ့ကို ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

သရုပ်ဆောင် မင်းရာဇာဟာ အရှေ့ပိုင်းခရိုင်တရားရုံးမှာလည်း ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုရင်ဆိုင်နေရပြီး လာမယ့်ဇွန်လ ၁၂ ရက်နေ့မှာတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာသက်သေ ၁၆ ဦးနဲ့ စတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013