DVB Logo
Home
မြန်မာသတင်း
သူရ ဦးရွှေမန်း၏ UBP ပါတီ မြို့နယ်  ၂၅၀ ကျော်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
June 10, 2020
သူရ ဦးရွှေမန်း၏ UBP ပါတီ မြို့နယ်  ၂၅၀ ကျော်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြည်ထောင်စု ကောင်းကျိုးဆောင် (UBP) ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။

“မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်ပါမယ်။ ကိုယ်စားလှယ်ကတော့ ၉၀၀ နဲ့ ၁၀၀၀ ကြားလောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်”လို့ သူရဦးရွှေမန်းက ပြောပါတယ်။

ပါတီအနေနဲ့ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ရုံးခွဲတွေဖွင့်လှစ်ထားပြီး ရပ်ကွက် ကျေးရွာ အုပ်စုပေါင်း ၈၀၀၀ ကျော်မှာလည်း ရုံးခွဲတွေ ဖွင့်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပသွားမယ်လို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013