DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ  ၇၄၀ ခုကို  စစ်ဆေးချက်အရ  ကိုဗစ်-၁၉  ရောဂါ လူနာသစ် မတွေ့ရှိ
DVB
·
June 9, 2020
ဓာတ်ခွဲနမူနာ  ၇၄၀ ခုကို  စစ်ဆေးချက်အရ  ကိုဗစ်-၁၉  ရောဂါ လူနာသစ် မတွေ့ရှိ
Donate to DVB

ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၄၀ ခုကို ဒီကနေ့ ဇွန်လ ၉ မနက်က စစ်ဆေးပြီးစီးခဲ့ရာမှာ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၅၇၇ ခု နဲ့  ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး၊ ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၁၆၃ ခု  စုစုပေါင်း ၇၄၀ ခုတို့အား ဒီကနေ့မနက်က  စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် မတွေ့ရှိရတာပါ။

မနေ့ညကတော့ မောင်တောမြို့နယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်ပြန်  အသက် ၂၅ နှစ်အရွယ်အမျိုးသား တစ်ဦးမှာ ကိုဗစ်-၁၉  ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မေလ ၉ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  အတည်ပြုလူနာပေါင်း  ၂၄၄ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ  ၁၅၉ ဦးရှိပြီး ဒီအထဲက ၁၃၈ ဦး ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

PHOTO -Theingi Win Myat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013