DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ရောဂါကူးစက်မှု မရှိတော့သော်လည်း မပေါ့ဆကြရန် ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူ သတိပေး 
DVB
·
June 8, 2020
ပြည်တွင်း ရောဂါကူးစက်မှု မရှိတော့သော်လည်း မပေါ့ဆကြရန် ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူ သတိပေး 
Donate to DVB

ကိုဗစ်-၁၉ရောဂါ မြန်မာပြည်တွင်းမှာ အချင်းချင်းကူးစက်မှုနှုန်းက  လတ်တလော မတွေ့တော့ဘဲ နိုင်ငံခြားပြန်တွေဆီကသာ ပိုးတွေ့တော့ပေမဲ့ ရောဂါကာကွယ်ရေးအပိုင်းမှာ ပြည်သူတွေအနေနဲ ပေါ့ဆလို့မရသေးကြောင်း နေပြန်ကောင်းသွားပြီဖြစ်တဲ့  လူနာနံပတ် ၁၃၄ ကိုနိုင်လင်းအောင်က ပြောပါတယ်။

 Pan pacific ဝန်ထမ်း လူနာနံပတ် ၁၃၄ ဟာ ဆေးပြန်စစ်ရာမှာ Negativeနှစ်ခါပြလို့ ရောဂါပိုးကင်းစင်လို့ ဆေးရုံက ဆင်းခဲ့ပြီး ဖောင်ကြီးမှာ Quarantine ၂ ပတ်ဝင်ပြီးနောက် မနေ့က နေအိမ်ကို ပြန်ချိန်မှာ ဒီဗွီဘီကိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီလို ပြည်တွင်းရောဂါကူးစက်မှုနှုန်းမရှိတော့ချိန် ဈေးတွေအပါအဝင် လူအများ သွားလာရာနေရာတချို့မှာ ကိုဗစ်-၁၉ ရောဂါကို အခြေခံ အကျဆုံးကာကွယ်ရေးတစ်ခုဖြစ်တဲ့ နှာခေါင်းစည်းတပ်ဆင်တာကို မလုပ်တော့ဘဲ လူတွေ သွားနေကြတာတွေလည်း လတ်တလော တွေ့နေရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အနေနဲ့လည်း ပြည်သူတွေ မပေါ့ဆဖို့ လူမှုကွန်ရက်စာမျက်နှာ ကနေ အကြိမ်ကြိမ် သတိပေးတာတွေ့ရပါတယ်။

၈ ရက်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်ယောက်မှ မရှိတော့မှဘဲ ရောဂါကူးစက်တာ မရှိတော့ဘူးလို့ ပြောနိုင်မှာဖြစ်ပြီး တစ်ချိန်တည်း၊ တစ်ပြိုင်တည်းနီးပါး ရောဂါကူးစက်ပြန့်ပွားတာ ဖြစ်လာနိုင်တယ်လို့ လဲကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ထပ်ပြီးသတိပေးထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း Semi lockdown စာရင်းဝင် stay at home နေထိုင်ရမယ့် မြို့နယ်တွေအဖြစ် အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ ဗဟန်း၊ ပန်းပဲတန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ဗိုလ်တထောင်နဲ့ မင်္ဂလာဒုံမြို့နယ်နဲ့ စစ်ကိုင်းတိုင်းကလေးမြို့တို့ကိုသတ်မှတ်ခဲ့ပြီးနောက် အခုအခါ Semi lockdown စာရင်းဝင် stay at home နေထိုင်ရမယ့်မြို့နယ်ပယ်ဖျက်ရာမှာ ၉ မြို့နယ်ရှိသွားပါပြီ။ 

ဒါပေမဲ့ Semi lockdown စာရင်းမှာတော့ အင်းစိန်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်ကတော့ ကျန်နေပါသေးတယ်။

မေလ ၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  အတည်ပြုလူနာပေါင်း  ၂၄၄ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ  ၁၅၉ ဦးရှိပြီး ဒီအထဲက ၁၃၈ ဦး ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013