DVB Logo
Home
မြန်မာသတင်း
ဂေါ်ဖီထုပ် လှူဒါန်းသည့် ပင်းတယတောင်သူများအတွက် ရွှေသောင်ယံလူထုက အုန်းသီးများ လက်ဆောင်ပြန်ပေး
DVB
·
June 8, 2020
ဂေါ်ဖီထုပ် လှူဒါန်းသည့် ပင်းတယတောင်သူများအတွက် ရွှေသောင်ယံလူထုက အုန်းသီးများ လက်ဆောင်ပြန်ပေး
1 / 7
Donate to DVB

ပင်းတယဒေသခံ တောင်သူတွေက ဂေါ်ဖီထုပ် ၆၀၀၀ ကျော်အပါအဝင် ကုန်စိမ်းသီးနှံ ၁၂ ဘီး ကား ၁ စီးအပြည့်ကို ဇွန် ၇ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်ခရိုင် ရွှေသောင်ယံမြို့မှာ လာရောက်လှူ ဒါန်းခဲ့ပါတယ်။

တရုတ်ပြည်ကို ပုံမှန်တင်ပို့ရောင်းချနေတဲ့ တောင်ယာထွက် ကုန်စိမ်းသီးနှံတွေ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ရောင်းချဖို့အခက်အခဲရှိလာတာကြောင့် ပင်းတယဒေသက ထွက်ရှိတဲ့ ကုန်စိမ်းသီးနှံတွေကို ပရဟိတအသင်းအဖွဲ့တွေ ချိတ်ဆက်ပြီး လိုအပ်တဲ့နေရာဒေသတွေကို လိုက်လံလှူဒါန်းပေးနေတာပါ။

ပင်းတယဒေသကနေ ရောက်ရှိလာတဲ့ ဂေါ်ဖီထုတ် ၆၀၀၀ ကျော်နဲ့ ကုန်စိမ်းသီးနှံတွေဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ်သီစတဲ့ ကုန်စိမ်းသီးနှံ ၁၀ မျိုးကို ရွှေသောင်ယံမြို့ က ဒေသခံပြည်သူ အိမ်ထောင်စု ၁၂၀၀ နီးပါးကို လိုက်လံပေးဝေသွားမှာဖြစ်တယ်လို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ဒီဗွီဘီကိုပြောပါတယ်။

“ခုလိုလာလှူပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေ စေတနာ့ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အချိုးကျခွဲဝေးပေးသွားမှာပါ၊ အိမ်ထောင်စုအားလုံး ၁၂၀၀ လောက်ဝေးပေးဖို့ လုပ်နေပါတယ်”  

ပင်းတယဒေသကထွက်ရှိတဲ့ ကုန်စိမ်းသီးနှံတွေကို ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ပုသိမ်မြို့နဲ့ မြောင်းမြမြို့နယ်တို့မှာ ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် (ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး)ရဲ့အစီအစဉ်နဲ့ မေလအတွင်းက လာရောက်လှူခဲ့ပြီး တတိယအကြိမ်အနေဖြင့် ရွှေသောင်ယံမြို့မှာ လာရောက်လှူဒါန်းပေးခဲ့တာပါ။

ဒေါက်တာ သန်းမင်းထွဋ်က “တောင်သူတွေက သွားရောင်းရင် အရှုံးပေါ်တော့ မရောင်းတော့ဘူး၊ အဲ့တော့ ပရဟိတ အသင်းတွေက သီးနှံတွေကို ဝင်ခုတ်ပြီး ဒီဘက်ကို တင်ဖို့ ဒီဘက်က ပရဟိတအသင်းတွေနဲ့ ချိတ်ကတယ်၊ ဒီတိုင်းကို ရောက်တာတော့ ၃ ကြိမ်ရှိပါပြီ၊ ပင်းတယကထွက်တဲ့ ကုန်စိမ်းတွေ လိုက်ဝေတာတော့ ၁၀ ကြိမ်ရှိပါပြီ” လို့ ပြောပါတယ်။

ပင်းတယဒေသကထွက်တဲ့ကုန်စိမ်းသီးနှံတွေကို ဆေးရုံအုပ်ကြီးရဲ့ ချိတ်ဆက်ပေးမှုနဲ့ နယ်ခံပရဟိတအသင်းအဖွဲ့တွေနဲ့ မြန်မာနိုင်ငံလူမှုကယ်အဖွဲ့(ဧရာဝတီ)တို့ ပူးပေါင်းပြီး ရွှေသောင်ယံမြို့ကိုရောက်ရှိ လာတဲ့ ကုန်စိမ်းသီးနှံတွေကို နေ့ချင်း ဒေသခံအရပ်ဖက်အဖွဲ့စည်းတွေ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းက လိုက်လံပေးဝေခဲ့တယ်လို့ သိရပါတယ်။

ပင်းတယမြို့က ရောက်ရှိလာတဲ့ ကုန်စိမ်းသီးနှံတွေကို ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်က နေ့ချင်းပြည်သူတွေကို လိုက်လံပေးဝေခဲ့ပြီး ရွှေသောင်ယံဒေသခံ ပြည်သူတွေက ပင်းတမြို့က တောင်သူတွေအတွက် အုန်းသီးအလုံးရေ ၃၀၀၀ ကျော်ကို လက်ဆောင်အဖြစ် ပြန်ထည့်ပေးလိုက်တယ်လို့ သိရပါတယ်။

သတင်း-မင်းထက်မုန်း

Photo - Min Htet Mone / MPA



Photo - Min Htet Mone / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013