DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအမှတ် ၂၄၂ အား သရက်မြို့မှ မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသ
DVB
·
June 8, 2020
ကိုဗစ်-၁၉ လူနာအမှတ် ၂၄၂ အား သရက်မြို့မှ မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသ
Donate to DVB

သရက်မြို့ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အမှတ် ၂၄၂ အား မကွေးပြည်သူ့ဆေးရုံကြီးကို မနေ့ညက ပို့ဆောင်ပြီး ဆေးကုသပေးထားတယ်လို့ သိရပါတယ်။

ပိုးတွေ့လူနာကို ည ၁၀ နာရီမှာ သရက်မြို့ကနေ မကွေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူဖို့ မြတ်ပါရမီ လူမှုကူညီရေးအသင်းကားနဲ့ ပြောင်းရွှေ့ပို့ဆောင်ခဲ့တာပါ။

ထိုင်းနိုင်ငံက ပြန်လာတဲ့သူတွေကို မကွေးမြို့ကနေ မေ ၂၆ ရက်နေ့က စတင်ပြီး သရက်မြို့ကို အသုတ်လိုက်ပို့ပေးပြီး တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတာပါ။

ပထမအသုတ် ၃၁ ယောက်ကို ဇွန် ၃ ရက်နေ့နဲ့ ဒုတိယအသုတ် အယောက် ၅၀ ကို ဇွန် ၄ ရက်နေ့တွေက နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာယူပြီး ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအသုတ် အယောက် ၅၀ ထဲမှာ သရက်မြို့နယ် ကွမ်းအုံကျေးရွာနေ ၃၆ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၂၄၂ မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ဇွန် ၇ ရက်နေ့ ည ၈ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဇွန် ၇ ရက်နေ့ပေးပို့တဲ့ တတိယအသုတ် ၅၆ ယောက်ရဲ့ အဖြေကိုတော့ မသိရသေးပါဘူး။

သရက်မြို့ကို ဇွန် ၇ ရက်နေ့ညနေကလည်း ထိုင်းကပြန်လာသူ ၇ ယောက် ထပ်မံရောက်ရှိလာပြီး စုစုပေါင်း ၁၄၄ ဦးကို Facility Quarantine စင်တာမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားပါတယ်။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ဆရာဝန်ကြီးတို့က ပိုးတွေ့လူနာကို အားပေးစကားပြောကြားပြီး အသုံးအဆောင်အစားအသောက်နဲ့ ငွေကြေးပံ့ပိုးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ ၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ လူနာ စုစုပေါင်း ၂၄၂ ဦး၊ သေဆုံးသူ ၆ ဦး  နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၁၅၆ ဦးရှိပြီး ဒီအထဲက ၁၃၆ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013