DVB Logo
Home
မြန်မာသတင်း
အီတလီက ပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိ
DVB
·
June 8, 2020
အီတလီက ပြန်လာသူ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိ
Donate to DVB

ဇွန် ၇ ရက်နေ့အတွက် ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူ ၈၉၇ အား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၁ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၆၃ ခု၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မော်လမြိုင်) က ဓာတ်ခွဲနမူနာ ၂၅၅ ခုနဲ့ ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ ၇၉ ခု စုစုပေါင်း (၈၉၇) စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိခဲ့တာပါ။

အခုတွေ့ရှိတဲ့ လူနာအမှတ် ၂၄၃ ဟာ  သင်္ဃန်းကျွန်းမြို့နေ အသက် ၃၅ နှစ်အမျိုးသား ဖြစ်ပြီး အီတလီနိုင်ငံက ပြန်လာသူဖြစ်ပါတယ်။

သူ့ကို လှိုင်မြို့နယ်မှာ အသွားအလာကန့်သတ်ထားတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ တွေ့ရှိတာကြောင့် တောင်ဉက္ကလာပ ဆေးရုံကြီးမှာ ကုသမှုခံယူစေမယ်လို့ ဆိုပါတယ်။

ပထမအသုတ် ဓာတ်ခွဲနမူနာ ၁၂၀၀ ကို စစ်ဆေးရာမှာတော့ သရက်မြို့နေ ထိုင်းနိုင်ငံက ပြန်လာသူ ၁ ဦးနဲ့ တာမွေမြို့နယ်နေ အိန္ဒိယနို်ငငံက ပြန်လာသူ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပို တွေ့ရှိခဲ့တယ်လို့ ကျန်မာရေးဝန်ကြီးဌာနက ဇွန် ၇ ရက်ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၈ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ စုစုပေါင်း ၂၄၃ ဦး၊ သေဆုံးသူ ၆ ဦး၊  နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၁၅၆ ဦးရှိပြီး ဒီအထဲက ၁၃၆ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013