DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် မော်တော်ယာဉ်ဥပဒေအသစ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
DVB
·
June 7, 2020
ဝမ်းတွင်းတွင် မော်တော်ယာဉ်ဥပဒေအသစ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Donate to DVB

၂၀၂၀ မော်တော်ယာဉ်ဥပဒေအသစ်မှာ ထောင်ဒဏ်ပါလာပြီး ငွေဒဏ်လည်း များလာတဲ့အတွက် အများပြည်သူ သိရှိဖို့ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မှာ အသိပညာပေး လက်ကမ်းစာစောင်တွေကို ဖြန့်ဝေပေးခဲ့ပါတယ်။

၂၀၂၀ မော်တော်ယာဉ်ဥပဒေအသစ်မှာ ထောင်ဒဏ်ပါလာပြီး ငွေဒဏ်လည်း များလာတဲ့အတွက် အများပြည်သူ သိရှိဖို့ ခရိုင်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ  ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဇွန် ၆ ရက်နေ့ မနက်ပိုင်းက ဖြန့်ဝေပေးခဲ့တာလို့ ခရိုင်ယာဉ်ထိန်းတပ်ဖွဲ့ဒုရဲမှူးရန်နိုင်က ပြောပါတယ်။

“ကျေးလက်ဒေသက ပြည်သူတွေသိအောင် အသိပညာပေးဟောပြောမှုတွေပါ လုပ်ဆောင်သွားမှာပါ။ အသိပညာပေးဆောင်ရွက်မှူတွေ ပြီးစီးသွားရင်တော့ ဖမ်းဆီးအရေးယူ တရားစွဲမှုတွေ ရှိလာမှာပါ။ ရဲအရေးပိုင်တဲ့ ပုဒ်မတွေကို ရဲစခန်းမှာ အမှုဖွင့်မယ်၊ ရဲအရေးမပိုင်တဲ့ ပုဒ်မတွေကိုတော့ တရားရုံးဦးတိုက်လျှောက်ထားရမှာပါ။”

ခရီးသွားပြည်သူ ဦးမောင်ဇော်က “၂၀၂၀ မော်တော်ယာဉ်ဥပဒေအသစ်တွေပါတဲ့ လက်ကမ်းစာစောင် ရပါတယ်။ ဥပဒေတွေ အများကြီးပြောင်းသွားတဲ့အတွက် လူတိုင်းလူတိုင်း သိထားသင့်ပါတယ်” လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်ထဲက မြို့နယ် ၄ ခုလုံးကို အသိပညာပေးတွေ လက်ကမ်းစာစောင်ဖြန့်ဝေမှု့တွေ စဉ်ဆက်မပြတ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

ဇွန်လ ၃ ရက်က ၅ ရက်အထိ ၃ ရက်ဆက်တိုက် မိတ္ထီလာမြို့ပေါ်မှာ လက်ကမ်းစာစောင် ၃၀၀၀ လောက် ဖြန့်ဝေထားခဲ့ပြီး ဇွန် ၆ ရက်နေ့ကတော့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိတဲ့ ဝမ်းတွင်းမြို့ အလယ်ဂိတ်မီးပွိုင့်နဲ့ မြတ်စောညီနောင်ဘုရားအနီး စတဲ့ နေရာ ၂ ခုမှာ လက်ကမ်းစာစောင် ၁၅၀၀ လောက် ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013