DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၁၇၀ ကျော် ကော့သောင်းနယ်စပ်သို့ ထပ်မံဝင်ရောက်၊ စုစုပေါင်း ၆၀၀ ကျော်ရှိပြီ
DVB
·
June 6, 2020
မြန်မာအလုပ်သမား ၁၇၀ ကျော် ကော့သောင်းနယ်စပ်သို့ ထပ်မံဝင်ရောက်၊ စုစုပေါင်း ၆၀၀ ကျော်ရှိပြီ
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် နယ်စပ်ပိတ်လိုက်တဲ့အတွက် ရေရပ်ပြန်ဖို့ အခက်အခဲ ကြုံနေတဲ့ မြန်မာအလုပ်သမား ၁၇၁ ဦး ဇွန် ၅ ရက်နေ့က ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါအပြင် HIV နဲ့ တီဘီ ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနေတယ်လို့ ကျန်းမာရေး တာဝန်ရှိသူက ပြောပါတယ်။

ထိုင်းနိုင်ငံ ရနောင်း ခရိုင်နဲ့ ဖန်ငခရိုင်မှ မြန်မာအလုပ်သမား အမျိုးသား ၉၇ ဦး၊ အမျိုးသမီး ၇၄ ဦး စုစုပေါင်း ၁၇၁ ဦးတို့ဟာ ရနောင်းဘက်ခြမ်းကနေ ကော့သောင်းမြို့ မြို့မဆိပ်ကမ်းတံတားကတဆင့် ပြန်လည်ဝင်ရောက်လာကြတာပါ။

ပြန်လာသူတွေကို တနင်္သာရီတိုင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီရဲ့ ကြီးကြပ်ညှိနှိုင်းမှုနဲ့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူတွေက စတုတ္ထအကြိမ်မြောက်အဖြစ် လာရောက်လွှဲအပ်ခဲ့တာပါ။

ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဒေါက်တာဖြူဖြူဆွေက “ကျမတို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ တဖက်နိုင်ငံက ပြန်ရောက်လာတဲ့ နေရပ်ပြန်တွေကို သတ်မှတ်ထားတဲ့ Quarantine Center တွေမှာ နေရာချထားပေးပါတယ်။ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် ယူပြီးတော့ ရန်ကုန် NHL ကို ပို့ပေးပါတယ်၊ ပြီးတော့ Quarantine Center မှာ ရှိတဲ့သူတွေကိုတော့ မနက် တကြိမ်၊ ညနေ တကြိမ် ကျန်းမာရေးစစ်ဆေးပေးတဲ့အပြင် HIV နဲ့ တီဘီရောဂါတွေပါ ရှိ၊ မရှိ စစ်ဆေးပေးပါတယ်” လို့ ပြောပါတယ်။

ရောက်ရှိလာတဲ့သူတွေကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနဲ့ နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီနဲ့ တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပါတယ်။ တနင်္သာရီတိုင်းအတွင်း ကော့သောင်း၊ မြိတ်မြို့နဲ့ ထားဝယ်မြို့တွေမှာ နေထိုင်တဲ့သူတွေကတော့ မိမိတို့နေထိုင်ရာမြို့တွေမှာ Quarantine ဝင်ရမှာဖြစ်ပြီး ကျန်တဲ့တိုင်းနဲ့ပြည်နယ်က သူတွေကိုတော့ ထားဝယ်မြို့ကိုပို့ဆောင်ပေးပြီး အဲဒီကနေတဆင့် သက်ဆိုင်ရာမြို့တွေကို မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

ဝင်ရောက်လာတဲ့ အလုပ်သမားတွေက ရနောင်းနဲ့ ဖန်ငခရိုင်က ဆောက်လုပ်ရေးနဲ့ အသေးစားလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူတွေဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားကြလို့ နေရပ်ပြန်လာကြတာလို့ အလုပ်သမားအရေးကူညီပေးနေသူ အလုပ်သမားပညာပေးရေးစင်တာမှ ကိုမိုးဝေကပြောပါတယ်။

ကိုဗစ်ကာလ ထိုင်းနိုင်ငံမှာ အခက်အခဲကြုံနေရတာကြောင့် ကော့သောင်းနယ်စပ်ဂိတ်ကနေ ပြန်လည်ဝင်ရောက်လာ​တဲ့ မြန်မာအလုပ်သမား စုပေါင်း ၆၀၀ ကျော်ရှိပြီလို့ လ.ဝ.က စာရင်းတွေအရ သိရပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013