DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်ရှိ ကိုဗစ်-၁၉ လူနာအမှတ် ၂၃၃ နှင့်ထိတွေ့ခဲ့သူ ၂၄ ယောက်တွင် ပိုးမတွေ့
DVB
·
June 5, 2020
ညောင်လေးပင်ရှိ ကိုဗစ်-၁၉ လူနာအမှတ် ၂၃၃ နှင့်ထိတွေ့ခဲ့သူ ၂၄ ယောက်တွင် ပိုးမတွေ့
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့သူတွေထဲက ၂၄ ယောက်ကို ဓာတ်ခွဲနမူနာ စစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရှိရဘူးလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

လူနာအမှတ် ၂၃၃ နဲ့ထိတွေ့ခဲ့သူတွေကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ရှိမရှိ သိရှိနိုင်ဖို့ ဇွန်လ ၃ ရက်နေ့မှာ ၄၉ ယောက်နဲ့ ဇွန်လ ၄ ရက်နေ့မှာ ၂၇ ယောက်တို့ကို လည်ချောင်း တို့ဖတ်ရယူပြီး ဓာတ်ခွဲစစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာကို ပို့ဆောင်ခဲ့စစ်ဆေးခဲ့တာပါ။

လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့တဲ့ သီတဂူစက္ကုဒါနဆေးရုံ Facility Quarantine က ၁၄ ဦးနဲ့ ယာဉ်မောင်းအပါအဝင် ထိတွေ့ခဲ့သူ ၂၄ ဦးရဲ့ လည်ချောင်းတို့ဖတ်တွေကို ရယူပြီးစစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရဘူးလို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက  ဒီဗွီဘီကို ပြောပါတယ်။

ဇွန်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဓာတ်ခွဲအတည်ပြုပို့ဆောင်ထားတဲ့ ၇၆ ယောက်ထဲက ၂၄ ယောက်ရဲ့အဖြေသာ ကနဦး သိရှိရတာဖြစ်ပြီး ကျန်တဲ့သူတွေရဲ့ အဖြေကတော့ နောက်ရက်တွေမှသာ သိရှိနိုင်မယ်လို့ ဆိုပါတယ်။

"သူ့အခန်းဖော် ၁၄ ယောက်ရယ်၊ ကားအတူစီးခဲ့တဲ့ အမျိုးသမီးတွေရယ်၊ ယာဉ်မောင်းရယ်၊ သီတဂူစက္ကုဒါနဆေးရုံက ပရဟိတသမားတွေရဲ့ အဖြေအရင်ထွက်လာတာပါ။"

ဇွန်လ ၅ ရက်မှာ လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့သူ ၂၀ ကျော်ကိုလည်း ဓာတ်ခွဲနမူနာရယူ စစ်ဆေးသွားဖို့ရှိနေပါတယ်။

နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013