DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် ကိုဗစ်- ၁၉ လူနာသစ် ၁ ဦးတွေ့ရှိ၊ လူနာနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေနေ
DVB
·
June 3, 2020
ညောင်လေးပင်တွင် ကိုဗစ်- ၁၉ လူနာသစ် ၁ ဦးတွေ့ရှိ၊ လူနာနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေနေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက ကိုဗစ်န-၁၉  ဓာတ်ခွဲအတည်ပြုလူနာသစ်  ၁ ဦးတွေ့ရှိခဲ့တဲ့အတွက် သူနဲ့ထိတွေ့ ဆက်စပ်ခဲ့သူတွေကို စုံစမ်းရှာဖွေနေတယ်လို့  မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၂၃၃ ဟာ မေလ ၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံက ပြန်လာခဲ့တာ ဖြစ်ပြီး ပဲခူးမြို့ဘုရားကြီး quarantine စခန်းမှာ  ၄ ရက်တာနေထိုင်ခဲ့တာ​ဖြစ်ပါတယ်။

မေလ ၂၉ ရက်နေ့မှာ ညောင်လေးပင်မြို့ အထက (၂) ကျောင်း Faciality Quarantine စင်တာမှာ တညအိပ်ခဲ့ပြီ ပြွန်တန်ဆာမြို့ သီတဂူစက္ကုဒါနဆေးရုံ Faciality Quarantine ကို မေလ ၃၀ ရက်နေ့မှာ ရောက်ရှိခဲ့တာလို့ဆိုပါတယ်။

ညောင်​လေးပင်မြို့နယ် ​ဆေးရုံအုပ်​ကြီး ဒေါက်တာ သောင်းဒန်ဦး က “လူနာအမှတ် ၂၃၃ ဟာ ကိုယ်ပူ ဖျားနာ ချောင်းဆိုးခြင်း လက္ခဏာမပြပေမယ့် ဒီနေ့မှာတော့ အထက်ကိုတင်ပြပြီး ပဲခူးမြို့ ကလိဆေးရုံကို စနစ်တကျလွှဲပြောင်းပို့​ပေးခဲ့တယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ထိုင်းနိုင်ငံကနေ မြဝတီနယ်စပ်ကတဆင့် ပြန်လာခဲ့​ပြီးနောက် ဘုရားကြီး စခန်း၊ ညောင်လေးပင် စခန်းနဲ့  ပြွန်တန်ဆာ​မြို့ သီတဂူစက္ကုဒါနဆေးရုံ Faciality Quarantine မှာ သူနဲ့ အတူ နေထိုင်ပတ်သက်ခဲ့တဲ့သူအားလုံးကို စုံစမ်း​ပြီး လိုအပ်သလို​ စောင့်​ကြည့်စစ်ဆေးသွားမယ်လို့လည်း  ဒေါက်တာ သောင်းဒန်ဦးက ပြောပါတယ်။

"လောလောဆယ်စာရင်းအရဆိုရင်​တော့ ညောင်လေးပင်​မြို့နယ်ကိုရောက်တဲ့အထိ သူနဲ့ content ဖြစ်ခဲ့သူ ၃၀ ကျော်လောက်တော့ ရှိလိမ့်မယ်။ ဓာတ်ခွဲအတည်​ပြုလူနာအမှတ် ၂၃၃ ဟာ အသက် ၂၆ နှစ်အရွယ် အမျိုးသား​ဖြစ်​ပြီ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ ၄ ရပ်ကွက် ဆိပ်ပြန်ကြီးကျေးရွာမှာနေထိုင်သူဖြစ်​ကာ ထိုင်းနိုင်ငံကို ရွှေ့​ပြောင်းလုပ်သားအဖြစ် သွားရောက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ညောင်လေးပင်မြို့နယ်မှာ ​မေလ ၁၅ ရက်ကစပြီး  ထိုင်းနိုင်ငံက ပြန်လာသူ ​ရွှေ့​ပြောင်းလုပ်သား ၂၀၀ ကျော်ရှိပြီ Faciality Quarantine ၁၆ ခုမှာ စောင့်ကြပ်ကြည့်ရှု ထာပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013