DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်တွင် သံဃာတော်များအား စော်ကားရေးသားခဲ့သည့် ဆရာဝန် ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လချမှတ်ခံရ 
DVB
·
June 3, 2020
ဖေ့စ်ဘွတ်ခ်တွင် သံဃာတော်များအား စော်ကားရေးသားခဲ့သည့် ဆရာဝန် ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လချမှတ်ခံရ 
Donate to DVB

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ  သံဃာတော်တွေကို စော်ကားပြောဆို ရေးသားခဲ့တဲ့ ဆရာဝန်တစ်ဦးကို ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ  နေ့ချင်းပြီး အမှုစစ်ဆေးကာ ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လ ကျခံဖို့ အမိန့်ချမှတ် လိုက်ပါတယ်။  

Sex Education နဲ့ ပတ်သက်လို့ သံဃာတော်တွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ စော်ကားပြောဆိုဝေဖန်ခဲ့တဲ့ Kyaw Win Thant အကောင့်ပိုင်ရှင်ဖြစ်တဲ့ ဒေါက်တာ ကျော်ဝင်းသန့်ကို ဇွန် ၂ ရက်နေ့က ထောင်ဒဏ် ၁  နှစ်နဲ့ ၉ လ ကျခံဖို့ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်တရားရုံးက အမိန့်ချခဲ့တာပါ။

အဲ့ဒီလိုရေးသားခဲ့တဲ့ Kyaw Win Thant အကောင့်ပိုင်ရှင်ဖြစ်တဲ့ ဒေါက်တာ ကျော်ဝင်းသန့်ကို မန္တလေးခရိုင် သာသနာရေး ဦးစီးမှူးက တရားလိုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၂၉၄ (ခ) ဆဲဆိုတာနဲ့ /၂၉၅ - က  သာသနာညှိုးနွမ်းစေမှု စော်ကားမှုတို့နဲ့ စွဲချက်တင်ခဲ့ပါတယ်။

ပုဒ်မ ၂၉၄ (ခ) အရ ထောင်ဒဏ် ၃ လ နဲ့ ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) အရ ထောင်ဒဏ် ၁နှစ်နဲ့ ၆ လ ခြောက်လတို့ကို သီးခြားကျခံဖို့ အမိန့်ချခဲ့တာလို့ ချမ်းအေးသာစံမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောပါတယ်။

ဒီအမှုမှာ တရားလိုပြသက်သေ ၁၄ ဦးတင်ခဲ့ပေမယ့် တရားလိုဖြစ်တဲ့ မန္တလေးခရိုင် သာသနာရေးဦးစီးမှူးနဲ့ တရားလိုပြသက်သေတွေဖြစ်တဲ့ မိတ္ထီလာခရိုင် သာသနာရေး ဦးစီးမှူး အပါအဝင် ၄ ဦးကို စစ်ဆေးခဲ့ပြီး သက်သေလုံလောက်တဲ့ အခြေအနေဖြစ်တာကြောင့် စွဲချက်တင်ခဲ့ပါတယ်။ 

စွဲချက်တင်အပြီးမှာ တရားခံက နောင်တရပြီး အပြစ်ရှိကြောင်း ဝန်ခံတဲ့ အတွက်နေ့ချင်းပြီးပဲ စီရင်ချက် အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ်တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးကျော်မျိုးဝင်းက ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနက sex education နဲ့ပတ်သက်ပြီး သင်ရိုးညွှန်းတမ်းမှာ ထည့်တဲ့အပေါ် မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီဘူးလို့ ဝေဖန်ရေးသားချက်တွေနဲ့ ပတ်သက်ပြီး မိတ္ထီလာမြို့ပေါက်ချောင်းရပ်ကွက်နေ ကိုကျော်ဝင်းသန့်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ  မေလ ၁၇ ရက်က ပြန်လည်တုံ့ပြန်ရေးသားတဲ့ ပို့စ်တခု တင်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီပို့စ်မှာ သံဃာတော်တွေကို ဝေဖန်ရေးသားခဲ့တာပါ။ အဲဒီကိစ္စနဲ့ ပက်သက်ပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း မေလ ၁၉ ရက်နေ့က မိတ္ထီလာမြို့ရှိ ကိုးနဝင်းကျောင်းတိုက်မှာ ကိုယ်တိုင်သွားရောက် တောင်းပန်ခဲ့ပါတယ်။ 

ဒါပေမယ့် ကျောင်းတိုက်ထဲမှာတော့ လူတွေများပြားလာပြီး ဖိနပ်တွေနဲ့ပစ် အော်ဟစ်ဆဲဆို တာတွေ ဖြစ်ပေါ်ခဲ့ကာ ကိုကျော်ဝင်းသန့်ရဲ့ အသက်အန္တရာယ် ရှိနိုင်တာကြောင့် ခရိုင်ရဲတပ်ဖွဲ့က ကျော်ဝင်းသန့်ကို ရဲကားနဲ့ ခေါ်ဆောင်သွား ခဲ့ပါတယ်။

အဲဒီနောက် မိတ္ထီလာခရိုင် သာသနာရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးက ကိုယ်တိုင်တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာပါ။  

သတင်း-နိုင်လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013