DVB Logo
Home
မြန်မာသတင်း
Grade 4၊ Grade 7၊ Grade 10 သင်ရိုးသစ်အတွက် Face To Face သင်တန်းများ ဇွန်လ ၁၅ ရက်နေ့ စတင်ပို့ချမည် 
DVB
·
June 2, 2020
Grade 4၊ Grade 7၊ Grade 10 သင်ရိုးသစ်အတွက် Face To Face သင်တန်းများ ဇွန်လ ၁၅ ရက်နေ့ စတင်ပို့ချမည် 
Donate to DVB

၂၀၂၀−၂၀၂၁ ပညာသင်နှစ်မှာ သင်ရိုးသစ်နဲ့ ပြောင်းလဲသင်ကြားမယ့် Grade(4)၊ Grade(7)၊ Grade(10) အတန်းတွေအတွက် သင်ရိုးသစ်သင်တန်းတွေကို Face To Face သင်တန်းတွေအနေနဲ့ လာမယ့်ဇွန်လ ၁၅ ရက်နေ့ကနေစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆရာ ဆရာမတွေကို သင်တန်းပို့ချသွားမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သင်ရိုးသစ်သင်တန်းတွေကို အွန်လိုင်းကနေ ပို့ချသင်ကြားနေတာ ဖြစ်ပါတယ်။

Grade(4) သင်ရိုးသစ်အတွက် Face To Face သင်တန်းကို ဇွန်လ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ၊ Grade(7) သင်ရိုးသစ် Face To Face သင်တန်းကို ဇွန်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ Grade(10) သင်ရိုးသစ် Face To Face သင်တန်းကို ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၈ ရက်နေ့အထိ သင်တန်းပို့ချသွားမှာဖြစ်ပါတယ်။

သင်ရိုးသစ်သင်တန်းတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ၊ဆရာမ ၄ သိန်းခွဲကို ပို့ချသွားမှာ ဖြစ်ပါတယ်။ 

ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာကဏ္ဍမှာ KG+12 ပညာရေးစနစ်သစ်ကို ၂၀၁၅-၁၆ ပညာသင်နှစ်ကနေ စတင်ပြောင်းလဲသင်ကြားလာတာဖြစ်ပြီး လက်ရှိမှာ KG၊ Grade1/ Grade2/ Grade3/ Grade6 အတန်းတွေကို သင်ရိုးသစ်နဲ့ ပြောင်းလဲသင်ကြားနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013