DVB Logo
Home
မြန်မာသတင်း
ကျောင်းဆက်မတက်နိုင်သူများအတွက် Grade 10 စာမေးပွဲကို မေလတွင် ကျင်းပပေးမည်
DVB
·
January 5, 2024
ကျောင်းဆက်မတက်နိုင်သူများအတွက် Grade 10 စာမေးပွဲကို မေလတွင် ကျင်းပပေးမည်
Donate to DVB

ဒေသအခက်အခဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်သူတွေအတွက် စာမေးပွဲတခုကို မေလထဲမှာ ကျင်းပမယ်လို့ သိရပါတယ်။

အခြေခံပညာနဲ့ အဆင့်မြင့်ပညာတွေ ဆက်လက်တက်ရောက်နိုင်ဖို့အတွက် Grade 10 ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲကို ကျင်းပပေးမယ်လို့ စစ်ကောင်စီ ပညာရေးဌာနကနေ သိရပါတယ်။

ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ အရာရှိတဦးက “Grade 10 က အရင်က ကိုးတန်းပေါ့။ ကျောင်းဆက်မတက်နိုင်သူတွေနဲ့ စာမေးပွဲ မဖြေဖြစ်လိုက်သူတွေအတွက် မေလမှာ စာမေးပွဲလုပ်ပေးပြီး အောင်ရင် ၁၀ တန်း ဆက်တက်နိုင်‌အောင် လုပ်ပေးတဲ့အတန်း” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ Grade 10 အပြင် Grade 11 အတန်းပါ ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲ ပြုလုပ်ပေးမှာဖြစ်ပြီး အဲ့ဒီစာမေးပွဲကို စစ်တပ်၊ ရဲ၊ အစိုးရနဲ့ ပြင်ပမှာ အလုပ်လုပ်ကိုင်နေသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်သူတွေ ဝင်ရောက်ဖြေဆိုခွင့်ရမယ်လို့ သိရပါတယ်။

အဲ့ဒီစာမေးပွဲတွေကို မေ ၆ ရက်ကနေစပြီး ၁၃ ရက်အထိ တနေ့ တဘာသာနှုန်း စစ်ဆေးမှာဖြစ်ပြီး မေ ၂၄ ရက်နေ့မှာ အောင်စာရင်းထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

ဖြေဆိုလိုသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ပညာ‌ရေးမှူးရုံးတွေမှာ စာရင်းပေးရမှာဖြစ်ပြီး မြို့နယ်က စီစဥ်ဖွင့်လှစ်ပေးထားတဲ့ စာစစ်ဌာနတွေမှာ ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013