DVB Logo
Home
မြန်မာသတင်း
Grade 12 သင်ရိုးသစ် အောင်ချက်မြှင့်တင်ရေး ဆွေးနွေးပွဲ ဟန်ပြသာကျင်းပ
DVB
·
November 28, 2023
Grade 12 သင်ရိုးသစ် အောင်ချက်မြှင့်တင်ရေး ဆွေးနွေးပွဲ ဟန်ပြသာကျင်းပ
Donate to DVB

အခြေခံပညာကျောင်းတွေရဲ့  သင်ရိုးသစ် Grade 12 ရဲ့ အောင်ချက်မြှင့်တင်ရေး ဆွေးနွေးပွဲတွေကို သင်ရိုးသစ် ဦးဆောင်သူတွေက  အခမ်းအနားဖြစ်ရုံသာ ပြုလုပ်နေတယ်လို့  ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဆရာဆရာမတွေထံက သိရပါတယ်။

‌အဆိုပါဆွေးနွေးပွဲတွေကို တန်ဆောင်တိုင် ကျောင်းပိတ်ရက်အတွင်း တက္ကသိုလ်တွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အခြေခံပညာက ဆရာ ဆရာမတွေအပြင် ကိုယ်ပိုင်ကျောင်း၊ ဘာသာရပ်သင် သင်တန်းကျောင်းက ဆရာ ဆရာမတွေပါ တက်ရောက်ခဲ့ပေမဲ့ ဦးဆောင်ဆွေးနွေးသူတွေက ဆွေးနွေးပွဲပြုလုပ်ပုံကို ဓာတ်ပုံမှတ်တမ်း ရယူရုံလောက်သာ ပြုလုပ်ခဲ့တယ်လို့ တက်ရောက်ခဲ့တဲ့ ဆရာမတဦးက ပြောပါတယ်။

“ဆွေးနွေးပွဲက ၉ နာရီခွဲ၊ ၁၀ နာရီခွဲအထိ ဘယ်သူမှမလာဘူး။ ရောက်လာတော့လည်း သိချင်တာကို ချရေးပါတဲ့။ အထက်ကို တင်ပြပေးမယ်ပြောပြီး ဓာတ်ပုံရိုက် ထွက်သွားတာပဲ။ ဘာမှလည်း ဆွေးနွေးတာမရှိဘူး” လို့ အဆိုပါဆရာမက ပြောပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို တခြား နယ်ဝေးဒေသက ဆရာ ဆရာမတွေပါ တက်ရောက်ရတာဖြစ်ပြီး လမ်းစရိတ်ကုန်ကျမှု ကျပ်တသိန်းလောက်ရှိပေမဲ့ မိမိကိုယ်ပိုင်စရိတ်နဲ့သာ လာရောက်ရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်က ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဆရာမတဦးက ပြောပါတယ်။

“သင်ရိုးသစ်နဲ့ပတ်သက်ပြီး တခုခုသိရမယ်ထင်လို့ လာခဲ့တာ။ ဒီလို ပြောချင်တာပြောပြီး အခမ်းအနားဖြစ်ရုံ လုပ်တာဆိုရင် ပိုက်ဆံအကုန်ခံပြီး မလာဘူး။”

Grade 12 သင်ရိုးသစ်ဟာ အခုနှစ်မှ စတင်ပြဋ္ဌာန်းတာဖြစ်ပြီး အဲ့ဒီသင်ရိုးသစ်မှာ ပုံနှိပ်စာအုပ် အားနည်းချက်၊ မေးလာနိုင်တဲ့ မေးခွန်းနဲ့ အမှတ်ပေးစည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး၊ အကြံပြုချက်များစွာ ရှိတယ်လို့ ဆရာ ဆရာမတွေက အကြံပြုထားပါတယ်။

ဒါ့အပြင် အတန်းသစ်တတန်း တိုးလာတဲ့အတွက် အထက်တန်းပြဆရာ မလုံလောက်မှုတွေ ရှိနေပြီး တချို့ကျောင်းတွေဆိုရင် Grade 10, Grade 11, Grade 12 အတန်းသုံးတန်းကို ဆရာတဦးတည်းက တာဝန်ယူ သင်ကြားနေရတဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

PHOTO-MOE

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013