DVB Logo
Home
မြန်မာသတင်း
Quarantine စင်တာက ပြန်ထွက်လာပြီးနောက် စင်္ကာပူပြန်ကိုယ်ဝန်ဆောင်သည် မီးဖွား
DVB
·
June 1, 2020
Quarantine စင်တာက ပြန်ထွက်လာပြီးနောက် စင်္ကာပူပြန်ကိုယ်ဝန်ဆောင်သည် မီးဖွား
1 / 4
Donate to DVB

Quarantine စင်တာကပြန်ထွက်လာပြီး  သုံးရက်အကြာမှာ စင်္ကာပူပြန်ကိုယ်ဝန်ဆောင်သည် အမျိုးသမီး တစ်ဦး ဒီနေ့မနက်မှာ ကလေးမီးဖွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ စင်္ကာပူနိုင်ငံကနေ ပထမအသုတ်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၄၄ ယောက်ထဲက ကိုယ်ဝန်ဆောင်သည်  တစ်ယောက်ဟာ ပုလဲမြို့သစ်က မြရွှေပင်သဒ္ဓမ္မသုခရိပ်သာမှာ ၂၁ရက် Quarantineဝင်ခဲ့ပါတယ်။ 

Quarantineပ ရက်ပြည့်ပြီး မေလ ၂၉ ရက်နေ့မှာ နေအိမ်ကိုအပြန် ဗိုက်နာလာတာကြောင့် မြောက်ဥက္ကလာပဆေးရုံကြီးကို အရေးပေါ်တင်လိုက်ရတယ်လို့ မြရွှေပင်သဒ္ဓမ္မသုခရိပ်သာက ဆရာတော် ဒေါက်တာအရှင်ခေမာသီရိ(လှတော)က ဒီဗွီဘီကို မိန့်ပါတယ်။

ဆေးရုံရောက်ပြီးနောက် ဇွန် ၁ ရက်နေ့မနက်မှာ ယောက်ျားလေးမွေးဖွားခဲ့တာ ဖြစ်ပြီး မီးဖွားခဲ့တဲ့ စင်္ကာပူပြန်အမျိုးသမီးဖြစ်သူကတော့ ကယားပြည်နယ်ကဖြစ်ပါတယ်။

မေလ ၇ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ စင်္ကာပူနိုင်ငံကနေ ပြန်လာတဲ့သူ ၄၄ ယောက်ထဲမှာ ကိုယ်ဝန်ဆောင်သည် ၄၄ ယောက်အပါအဝင် ကျောင်းသူ၊ကျောင်းသားတွေနဲ့ အလုပ်သမားတွေ ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ သူတို့နေရပ်အသီးသီးကို  ပြန်သွားကြပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013