DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့ Quarantine စင်တာရှိ စောင့်ကြည့်လူနာ ၁ ဦးသေဆုံး
DVB
·
September 8, 2020
တောင်ကြီးမြို့ Quarantine စင်တာရှိ စောင့်ကြည့်လူနာ ၁ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အ.ထ.က ၅ Quarantine စင်တာမှာ ထိုင်းနိုင်ငံက  ပြန်လာတဲ့ စောင့်ကြည့်လူနာ ၁ ဦး  ဒီနေ့ မနက်ပိုင်းက သေဆုံးသွားပါတယ်။

ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက “မနေ့က သူနည်းနည်းမောလာတယ်။ အဲ့ဒါနဲ့ စဝ်စံထွန်းဆေးရုံကို ပို့လိုက်တယ်။ ဆရာဝန်ကြီးတွေက လိုအပ်တာတွေကုသပေးတယ်၊ ဓာတ်ခွဲနမူနာ တခါထဲယူလိုက်တယ်။ ဒီနေ့ မနက် ၇ နာရီခွဲမှာ ဆုံးသွားတယ်။ ဓာတ်ခွဲနမူနာတော့ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနကို ပို့လိုက်ပြီ”လို့ ပြောပါတယ်။

စဝ်စံထွန်းဆေးရုံမှ သမားတော်ဆရာဝန်ကြီးများ စစ်ဆေးတွေ့ရှိချက်အရ လူနာဟာ အဆုတ်ရောင်တာတွေ၊ မွေးရာပါနှလုံးရောဂါ အခံရှိတာတွေ၊ နှလုံးကြွက်သားကြီးတာတွေ၊ အဆုတ်ပိုး ဝင်တာနဲ့ အသည်းရောင်တာတွေ စတဲ့ ရောဂါရှိတယ်လို့သိရပါတယ်။

သေဆုံးသူဟာ အမျိုးသားဖြစ်ပြီး ထိုင်းကနေ မြဝတီကို နယ်စပ်ဝင်ပေါက်မှပြန်လာပြီး စက်တင်ဘာလ ၄ ရက်နေ့က တောင်ကြီးကိုရောက်ရှိတာ ဖြစ်ပါတယ်။

ရောက်ရောက်ချင်းမှာလည်း အဖျားရှိနေလို့ စဝ်စံထွန်းဆေးရုံကိုပြပေးပြီးမှ Quarantine Center ကို ဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က သေဆုံးသွားတဲ့ တောင်ကြီးတက္ကသိုလ် Quarantine စင်တာမှာမှာ Quarantine ဝင်နေသူအမျိုးသမီးရဲ့ ဓာတ်ခွဲအဖြေဟာ ကိုဗစ်-၁၉ ရောဂါပိုးမရှိဘူးလို့ သိရပါတယ်။

သတင်း- ခွန်ရာဇာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013