DVB Logo
Home
မြန်မာသတင်း
Quarantine ဝင်နေသည့် ယူအေအီးပြန် ၁၃၇ ဦးတွင် ကိုဗစ်-၁၉ ပိုးမတွေ့သဖြင့် နေရပ်ပြန်
DVB
·
June 1, 2020
Quarantine ဝင်နေသည့် ယူအေအီးပြန် ၁၃၇ ဦးတွင် ကိုဗစ်-၁၉ ပိုးမတွေ့သဖြင့် နေရပ်ပြန်
Donate to DVB

ယူအေအီးနိုင်ငံက ပြန်လာတဲ့  ၁၄၈ ယောက်ထဲက ၁၃၇ ယောက်ဟာ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့လို့ သူတို့နေရပ်တွေကို ဒီနေ့မနက်ကစပြီးပြန်နေပြီဖြစ်ကြောင်း ယူအေအီးပြန်တွေက ဒီဗွီဘီကို ပြောပါတယ်။

မေလ ၁၀ ရက်က ယူအေအီးက ပြန်လာတဲ့ မြန်မာ ၁၄၈ ယောက်ထဲက ၁၂၀ ကို လှိုင်မြို့နယ်မှာ Quarantine ထားပြီး၊ ကျန် ၂၈ ယောက်ကို အင်းစိန်မြို့နယ်က ဟိုတယ်တစ်ခုမှာ Quarantine ထားခဲ့တာဖြစ်ပါတယ်။

လှိုင်မြို့နယ်မှာ Quarantine ထားတဲ့ ၁၂၀ ထဲက ပိုးတွေ့လူနာ ၂ ဦး ကို မေလ ၂၀ ရက်နေ့က တွေ့ပြီးနောက် အင်းစိန်မြို့နယ်က ဟိုတယ် Quarantine ဝင်နေသူ ၂၈ဦးထဲက ပိုးတွေ့လူနာ ၆ ဦး ကို မေလ၂၁ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

ကျန်တဲ့ အယောက် ၁၄၀ ထဲက ၃ ဦးဟာ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တာကြောင့် Quarantine ဆက်ဝင်ရမှာဖြစ်ပါတယ်။

နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့တဲ့ ၁၃၇ ယောက်ကတော့ မြန်မာပြည်ဒေသအသီးသီးက သူတို့နေအိမ်ကို ဒီနေ့မနက်ပိုင်းကစပြီးပြန်နေပြီဖြစ်ပြီး သူတို့အိမ်မှာ Home Quarantine တစ်ပတ်ဆက်နေရမှာ ဖြစ်ပါတယ်။

သူတို့နေရပ်ပြန်ရာမှာ အခက်အခဲမရှိစေဖို့ Quarantine ၂၁ရက် ပြည့်မြောက်ကြောင်း ထောက်ခံချက်တွေကိုလည်း သက်ဆိုင်ရာက ထုတ်ပေးထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013