DVB Logo
Home
မြန်မာသတင်း
အောင်ပန်းမြို့အနီး ကျပ်သန်း ၄၀၀၀၀ ခန့်တန်ဖိုးရှိ အိုက်စ် (ICE) မူးယစ်ဆေးများ ထပ်မံဖမ်းမိ
DVB
·
June 1, 2020
အောင်ပန်းမြို့အနီး ကျပ်သန်း ၄၀၀၀၀ ခန့်တန်ဖိုးရှိ အိုက်စ် (ICE) မူးယစ်ဆေးများ ထပ်မံဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ်၊ အောင်ပန်းမြို့အနားမှာ ကျပ်သန်းပေါင်း ၄၀၀၀၀ လောက်တန်ဖိုးရှိတဲ့ အိုက်စ် (ICE) မူးယစ်ဆေးတွေကို ထပ်ပြီး ဖမ်းမိတယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

မေ ၂၄ ရက်မနက်က ဖမ်းမိခဲ့တဲ့အမှုတရားခံတွေကို စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးမိခဲ့တဲ့ ကားနဲ့အတူ နောက်ထပ် ၁၂ ဘီးကားတစီးနဲ့လည်း မူးယစ်ဆေးတွေ တင်ဆောင်လာတယ်ဆိုတာ သိခဲ့ရတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဆက်လက်ရှာဖွေရာမှာ မေ ၂၉ ရက် မွန်းလွဲ ၁ နာရီလောက်က ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်ကြီး-ကလောသွားကားလမ်းဘေးမှာ ရပ်တန့်ထားတဲ့ ၁၂ ဘီးကားကို တွေ့ခဲ့ရပြီး ကားနဲ့အတူ အသက် ၂၆ နှစ်အရွယ် ဇော်မင်းထွေး(ခ)ကျားပေါက် ကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီကားကနေ ICE (မက်သာအဖက်တမင်း)၁၅၃၄ ကီလို (တန်ဖိုး ကျပ်သန်းပေါင်း ၃၈၀၀၀ ကျော်)၊ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီအမှုမတိုင်ခင် ဖမ်းမိခဲ့တာကတော့ မေ ၂၄ ရက် မနက်အစောပိုင်း ၂ နာရီလောက်က ရှမ်းပြည်နယ် လွိုင်လင်မြို့၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းပေါ် ဟိုတင့်ရွာနားမှာ ICE(မက်သာအဖက်တမင်း) ၁,၆၁၅ ကီလိုကို တရားခံ ၂ ယောက်နဲ့ အတူဖမ်းမိခဲ့တာပါ။

ဒီအမှု ၂ ခုကနေ ICE (မက်သာအဖက်တမင်း) စုစုပေါင်းအလေးချိန် ၃၁၄၉ ကီလို၊ တန်ဖိုးငွေကျပ် သိန်းပေါင်း ၇၈၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး တရားခံ အမျိုးသား ၈ ယောက် ဖော်ထုတ်နိုင်ခဲ့တဲ့အထဲက ၄ ယောက်ကို ဖမ်းမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013