DVB Logo
Home
မြန်မာသတင်း
အောင်ပန်းမြို့၌ အဝေးထိန်းမိုင်းထည့်ထားသည့် စက္ကူပုံးကို ပြည်သူ ၁ ဦးက ကောက်ယူ
DVB
·
March 5, 2022
အောင်ပန်းမြို့၌ အဝေးထိန်းမိုင်းထည့်ထားသည့် စက္ကူပုံးကို  ပြည်သူ ၁ ဦးက ကောက်ယူ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း  အောင်ပန်းမြို့၊ ဦးသန့်လမ်းဆုံမှာ  မတ် ၄ ရက်၊ မွန်းလွဲ  ၂ နာရီလောက်က  စစ်ကောင်စီတပ်သားတွေကို သတိပေးစာနဲ့အတူ အဝေးထိန်းမိုင်းထည့်ထားတဲ့ စက္ကူပုံး တစ်ခုကို ပြည်သူတစ်ဦးက အမှိုက်ထင်ပြီး ကောက်ယူသွားခဲ့လို့ အသက်မဲ့ မိုင်းအဖြစ် ပြောင်းလဲ ခဲ့ရတယ်လို့ သိရပါတယ်။

Urban Task Force Aung Ban -UTF အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက "ပြည်သူတွေကို ဒီလိုအဖြစ်အပျက်မျိုး သင်ခန်းစာယူ‌စေချင်ပါတယ် ။ အခုတခါကလည်း ကျနော်တို့ ဘက်က အချိန်မီသိရှိလိုက်နိုင်တဲ့အတွက် အဲဒီပြည်သူထိခိုက်ဒဏ်ရာမဖြစ်ခဲ့တာပါ။ နောက်ဆိုရင် ရှမ်းတောင်မှာ စစ်ဆင်ရေး ပိုစိတ်လာတော့မှာ ဖြစ်တဲ့အတွက် မိမိ အန္တရာယ်ကို ကြည့်ရှောင်ကြစေချင်ပါတယ်။ ကျနော်တို့ဘက်က တော်လှန်ရေးအရှိုန် ဒီထက်ပို မြှင့်လာဖို့ပဲ ရှိတယ်”လို့ ဒီဗွီဘီ ကိုပြောပါတယ်။ 

နောက်နောင် လမ်းပေါ် အလားတူ မသင်္ကာဖွယ်ပစ္စည်း တွေ့ရှိပါ လူထုအနေနဲ့ မစူးစမ်းဖို့ အောင်ပန်းမြို့ ပြောက်ကျားတပ်စုက သတိပေးစာထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013